Home
မြန်မာသတင်း
ထိုင်းစစ်တပ်နှင့်မူးယစ်ကုန်သည်များ တိုက်ပွဲဖြစ် ၅ ဦးသေဆုံး၊ စိတ်ကြွဆေးပြား ၂ သန်းခန့် ဖမ်းမိ
DVB
·
December 10, 2017
ထိုင်းနိုင်ငံ ချင်းရိုင်နယ်စပ်မှာ ဒီဇင်ဘာ ၁၀ ရက်နေ့က ထိုင်းစစ်တပ်နဲ့ မူးယစ်ဆေးသယ်လာသူတွေ တိုက်ပွဲဖြစ်ခဲ့လို့ မူးယစ်ကုန်သည် ၅ ဦး သေဆုံးခဲ့ပြီး မက်သာအဖက်တမင်း(စိတ်ကြွဆေးပြား) ၁.၉ သန်း ဖမ်းမိတယ်လို့ သိရပါတယ်။ မူးယစ်ဆေးဝါးတွေ ထိုင်းနိုင်ငံထဲ သယ်ဆောင်လာကြောင်း သတင်းအရ ဒီဇင်ဘာ ၈ ရက်နေ့ကတည်းက မဲ့ဖလွန်ခရိုင်ထဲက မြန်မာနိုင်ငံ နယ်စပ်တလျှောက်ကို ဖမူရန်တပ်က စစ်သားတွေက စောင့်ကြည့်မှုတွေ တိုးပြီးလုပ်ဆောင်တာလို့ စစ်တပ်က ပြောကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက် ၅ နာရီမှာ အိတ်တွေနဲ့ သေနတ်တွေ သယ်ဆောင်လာတဲ့ လူ ၂၀ ကို နယ်စပ် ၇၀၀ မီတာအကွာလောက် လမ်းလျှောက်လာတာကို တွေလို့ စစ်သားတွေက ရပ်တန့်ဖို့အမိန့်ပေးပေမယ့် မရပ်တာကြောင့် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တာလို့ စစ်တပ်က ပြောပါတယ်။ အပြန်အလှန် သေနတ်ပစ်ခတ်ကြတာက ၁၀ မိနစ်ကြာပြီးနောက် တချို့မူးယစ်ဆေးဝါးသယ်လာတဲ့ အဖွဲ့ဝင်တွေ ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။ အခင်းဖြစ်ပွားရာနေရာမှာ အိတ် ၁၉ အိတ်ထဲက မက်သာအဖက်တမင်း ၁.၉ သန်းနဲ့ အလောင်း ၅ လောင်း တွေ့ရှိတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024