A d v e r t i s e m e n t With Us

ပြန်ပို့​ခံ မြန်မာအလုပ်သမား​ ၂ ဦး​ အပူရှိန်လွန်၍ ​သေဆုံး

manager online
ထိုင်း​နိုင်ငံထဲ တရား​မဝင် ဝင်​ရောက်လာပြီး​ နယ်စပ်ပြန်ပို့​ခံရတဲ့​ သူ​တွေထဲက မြန်မာအလုပ်သမား​ ၂ ဦး​ဟာ ကား​ထဲမှာ အပူရှိန်လွန်ပြီး​ ​သေဆုံး​သွား​တယ်လို့​ မဲ​ဆောက်ရဲစခန်း​က တာဝန်ကျရဲမှူး​ကြီး​အ​ပြောကို ကိုး​ကား​ပြီး​ မန်​နေဂျာအွန်လိုင်း​ ထိုင်း​သတင်း​ဌာနမှာ ​ဖော်ပြထား​ပါတယ်။ [caption id="attachment_24259" align="alignleft" width="251" caption="photo-manager online"][/caption] “ဧပြီ ၁၇ ရက်​နေ့​က ထိုင်း​နိုင်ငံ​တောင်ပိုင်း​ ဆုန်ခလာခရိုင်က​နေ ​မောင်း​နှင်လာတဲ့​ ဆယ်ဘီး​ကား​ဟာ တာ့​ခ်ခရိုင်လူဝင်မှုကြီး​ကြပ်​ရေး​ရုံး​ရှေ့​မှာ ရပ်နား​တုန်း​ အခြား​အလုပ်သမား​တွေ အကုန်ဆင်း​သွား​ကြတယ်။ မဆင်း​ဘဲ ကျန်​နေတဲ့​ ၂ ​ယောက်ကို ကြည့်​လိုက်တဲ့​အခါ ​သေဆုံး​ပြီလို့​ ယူဆရတဲ့​အတွက် တာဝန်ကျရဲမှူး​ကြီး​ ဝရိခ်ျချုမ့်​ယင်ဆီ အ​ကြောင်း​ကြား​ခဲ့​တယ်” လို့​ ယာဉ်​မောင်း​သူက ​ပြောပါတယ်။ ရဲမှူး​နဲ့​အတူ မဲ​ဆောက်​ဆေး​ရုံက ဆရာဝန်နဲ့​ တာ့​ဆိုင်လွတ်ရပ်ကွက်က ကယ်ဆယ်​ရေး​အဖွဲ့​တွေ ​ရောက်လာပြီး​ စစ်​ဆေး​ကြည့်​တော့​ မကြာခင်ကမှ ​သေဆုံး​သွား​ကြောင်း​ သိရပါတယ်။ ကား​ပေါ်မှာ အချိန်ကြာမြင့်​စွာ ကျပ်ကျပ်တည်း​တည်း​စီး​ခဲ့​ရပြီး​ ရာသီဥတု ပူပြင်း​တဲ့​ဒဏ်ကို မခံနိုင်လို့​ ​ရှော့​ခ်ဖြစ်ပြီး​ ​သေဆုံး​သွား​တယ်လို့​ ဆရာဝန်က ​ပြော​ကြောင်း​၊​ ​သေဆုံး​သူ ၂ ​ယောက်ဟာ ​မောင်စိုး​ အသက် ၂၅ နှစ်နဲ့​ မမိလာ အသက် ၃၆ နှစ်တို့​ ဖြစ်ပြီး​ သက်ဆိုင်သူ ​ဆွေမျိုး​တွေ လာ​ရောက် ဆက်သွယ်ဖို့​ အ​လောင်း​ကို မဲ​ဆောက်​ဆေး​ရုံမှာ ထား​ရှိ​ကြောင်း​ မန်​နေဂျာ အွန်လိုင်း​သတင်း​မှာ ​ဖော်ပြသွား​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up