Home
မြန်မာသတင်း
အန်စီအေစာချုပ်ဟာ ငြိမ်းချမ်းရေးအစစ်မဟုတ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာပြော
ပြည့်ဘုန်းအောင်
·
December 10, 2017
  လက်ရှိ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူ စာချုပ် (အန်စီအေ) ဟာ ငြိမ်းချမ်းရေးအစစ်မဟုတ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောဆိုလိုက်ပါတယ်။ “ပစ်ခတ်တိုက်ခိုက်ရေး ရပ်စဲရေးစာချုပ်ဟာ ငြိမ်းချမ်းရေးအစစ်မဟုတ်ဘူး၊ စာချုပ်က အချိန်မရွေးပျက်သွားနိုင်တယ်။ အပစ်အခတ်ရပ်စဲရေးကို အာမခံနိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ကို ပိုဦးစားပေးသင့်တယ်။” မြန်မာ့ငြိမ်းချမ်းရေးလုပ်စဉ်ရဲ့ စိန်ခေါ်မှုများ၊ အခွင့်အလမ်းများနဲ့ နောက်ထပ်ခြေလှမ်းများ ခေါင်းစဉ်နဲ့ ငြိမ်ချမ်းရေးစကားဝိုင်းတစ်ခုကို ဒီဇင်ဘာ ၁၀ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်နေပါတယ်။ ဒီဆွေးနွေးပွဲကိုတော့ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်နဲ့ PNLO ခေါင်းဆောင် ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ အစိုးရဘက်က ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးအောင်စိုး၊ UPDJC အဖွဲ့ဝင်ဖြစ်သူ ABSDF ဒု-ဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းနဲ့ မြန်မာ့ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေး သိပ္ပံကျောင်း တည်ထောင်သူ ဒေါ်ခင်မမမျိုးတို့က ဆွေးနွေးနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024