အစ္စရေးဝန်ကြီးချုပ်ကို ပြည်သူ ၁ သောင်းခန့် ကန့်ကွက်ဆန္ဒပြ

အစ္စရေးနိုင်ငံ တဲလ်အဗီမြို့မှာ အစ္စရေးနိုင်ငံသား အယောက် ၁ သောင်းလောက်ဟာ အစိုးရရဲ့ အဂတိလိုက်စားမှုနဲ့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု တို့ကို မနေ့က ဆန္ဒပြခဲ့ကြပါတယ်။ အစ္စရေးနိုင်ငံရဲ့ အနာဂတ်ဆီကို ပိုသန့်ရှင်းတဲ့ လမ်းနဲ့ လျှောက်လှမ်းစေချင်တယ်လို့ ဆန္ဒပြသူ တယောက်က ပြောပါတယ်။ နေတန်ယာဟုဟာ ဝန်ကြီးချုပ်ရုံးအာဏာကို အလွဲသုံးစားလုပ်မှု စွဲချက်နဲ့ ရာဇဝတ်မှုကြောင်းဆိုင်ရာ စုံစမ်း စစ်ဆေးတာကို ခံနေရပါတယ်။ နေတန်ယာဟုကတော့ ဘာမှ အမှားမလုပ်ထားဘူးလို့ ငြင်းပါတယ်။ ဒီဆန္ဒပြပွဲဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အပတ်စဉ် ဆန္ဒပြပွဲရဲ့ အစိတ်အပိုင်းပါ။ သက်တမ်း လေးကြိမ်အထိ ဝန်ကြီးချုပ် ဖြစ်နေဆဲ နေတန်ယာဟုဟာ အမှု ၂ ခုနဲ့ ပါဝင်ပတ်သက်နေတယ်လို့ မီဒီယာတွေက ရေးပါတယ်။ ပထမအမှုက ချမ်းသာတဲ့ စီးပွားရေးသမားတွေဆီက လက်ဆောင် ရယူမှုပါ။ ဒုတိယအမှုက သူ့အစိုးရနဲ့ ပတ်သက်တာတွေကို အကောင်းဘက်ဖော်ပြပေးဖို့ အပြန် အလှန်အနေနဲ့ ပြိုင်ဘက်သတင်းစာတွေကို ကန့်သတ်ပေးဖို့ သတင်းစာထုတ်လုပ်သူ ပိုင်ရှင်တယောက်နဲ့ ညှိနှိုင်းမှု ဖြစ်ပါတယ်။

//
More News
Up