ဆလုံလူမျိုးများနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲ ကော့သောင်းမြို့တွင် ကျင်းပ
DVB
·
December 10, 2017
ကျွန်းတွေကို အခြေပြုပြီး ပင်လယ်ပြင်မှာ နေထိုင်တဲ့ ဆလုံလူမျိုးတွေရဲ့ အခက်အခဲတွေ ကို သိရှိကူညီပေးနိုင်ဖို့ရည်ရွယ်ပြီး အလုပ်ရုံဆွေးနွေးပွဲကို ကော့သောင်းမြို့မှာ ကျင်းပနေ ပါတယ်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့ရှိ ကျွန်းတွေကို အခြေခံပြုပြီး ပင်လယ်ပြင်မှာနေထိုင်တဲ့ ဆလုံလူမျိုးတို့ရဲ့ အခက်အခဲတွေကို အများပြည်သူ သိရှိစေပြီး လိုအပ်ချက်တွေ ၀ိုင်းဝန်းဆောင်ရွက်ပေးနိုင်ဖို့ ဆလုံလူမျိုးတွေနဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲကို ကော့သောင်းမြို့ မဉ္ဇူသကခန်းမမှာ ဒီဇင်ဘာ ၉ ရက်နဲ့ ၁၀ ရက်နေ့အထိ ကျင်းပနေတာပါ။
အလုပ်ရုံဆွေးနွေးပွဲကို ကော့သောင်းမြို့နယ်၊ မြိတ်မြို့နယ်နဲ့ ဘုတ်ပြင်းမြို့နယ်ရှိ ဆလုံကျေးရွာတွေက ကိုယ်စားလှယ်တွေနဲ့ ဆလုံလူမျိုးတွေ၊ ဆလုံကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ဆလုံလူမျိုးများအကြောင်းလေ့လာခဲ့ကြတဲ့ မနုဿ ဗေဒပညာရှင်တွေနဲ့ ပြတိုက်ကျွမ်းကျင်ပညာ ရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။
ဆလုံလူမျိုးတွေအကြောင်း စိတ်ပါဝင်စားသူတွေ တက်ရောက်နိုင်ကြောင်းနဲ့ ဓာတ်ပုံပြပွဲနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်ပေးထားတယ်လို့ သိရပါတယ်။
သတင်း - ပလုတ်