ဇနီးဟောင်းကို အဓမ္မပြုကျင့်သည့် အမျိုးသား ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရ

2.6K
ယူကေနိုင်ငံမှာ ဇနီးဟောင်း အရက်မူးနေတုန်း အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသားကို ဒီဇင်ဘာ ၈ ရက်နေ့က ထောင်ဒဏ် ၇ နှစ် ချမှတ်ပြီး တသက်စာ လိင်ပိုင်းဆိုင်ရာ စော်ကားသူအဖြစ် စာရင်းသွင်းလိုက်တယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့က ခင်ပွန်းဟောင်းဖြစ်သူက မိသားစုပိုင်တဲ့အိမ်ထဲ ကလေးတွေ အိပ်နေချိန် အမျိုးသမီး အရက်မူးပြီးသတိလွတ်ဖြစ်ကာ ခုံတန်းပေါ် လှဲလျောင်းနေတာ တွေ့ပြီး အဓမ္မပြုကျင့်ခဲ့တာလို့ တရားသူကြီးက တရားရုံးမှာ ကြားနာခဲ့ပါတယ်။
အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးက ကမ္ဘာပေါ်မှာ သူမအယုံကြည်ဆုံးလူရဲ့ သစ္စာဖောက်ခြင်း ခံရတယ်လို့ ခံစားရကြောင်း ပြောပါတယ်။
တရားသူကြီး အလက်ဇီရာဒါရင်က “အဓမ္မပြုကျင့်သူက ခင်ပွန်းဖြစ်နေလို့ သူမ လုံးဝ ထိတ်လန့်တုန်လှုပ်တယ်လို့ ပြောကြောင်း၊ ဒါကြောင့် ခင်ဗျားတို့ရဲ့ လက်ထပ်ထားမှုက လုံးဝ ပျက်သုဉ်းသွားပြီ။ သူမအနေနဲ့ ခင်ဗျားနဲ့ အတူနေနေတဲ့ အိမ်က ရွှေ့ပြောင်းရမယ်” လို့ တရားရုံးမှာ ပြောခဲ့ကြောင်း မေရာသတင်းမှာ ဖော်ပြထားပါတယ်။