A d v e r t i s e m e n t With Us

ဘီးလင်းမြို့တွင် ၆ ဘီးယာဉ်တစီး အရှိန်လွန် တိမ်းမှောက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းရှိ တံတားအမှတ် ၁၂၇/၁ ကို ဒီဇင်ဘာ ၉ ရက်နေ့လယ်ပိုင်းက ၆ ဘီးတပ် ကုန်တင်ယာဉ်တစီး တံတားအုပ်ဘောင်ကို ဝင်တိုက်မိပြီး ပတ်လက်လှန်တိမ်းမှောက်သွားခဲ့တယ်လို့ ဘီးလင်းရဲစခန်းက ပြောပါတယ်။ ဘီးလင်းမြို့မရဲစခန်းက တာဝန်ရှိသူတဦးက “ကားကရန်ကုန်ဘက်ကမောင်းလာပြီး ခန်းမရှေ့ရောက်တော့ အရှိန်မထိမ်းနိုင်ဘဲ တံတားအုတ်ဘောင်ကို ဝင်တိုက်ပြီး အောက်ကို ပတ်လက်လှန် တိမ်းမှောက်သွားတာပါ။ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ၂ ဦးလုံး ဒဏ်ရာအနည်းငယ် ရရှိထားလို့ ဘီးလင်းဆေးရုံမှာ တက်ရောက်ဆေးကုသနေပါတယ်”လို့ ပြောပါတယ်။ ဘီးလင်းမြို့မရဲစခန်းက ယာဉ်မောင်း ရဲလင်းထိုက်ကို အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၃၈၊ သာမန်နာကျင်စေမှု ပုဒ်မ-၃၃၇ နဲ့ ယာဉ်မဆင်မခြင်မောင်းနှင်မှုပုဒ်မ-၂၇၉ တို့နဲ့ အမှုဖွင့်အရေးယူ ထားတယ်လို့ သိရပါတယ်။ သတင်း-ယူမင်းစိုး ဓာတ်ပုံ-Lin Htut

A d v e r t i s e m e n t With Us

More News
Up