A d v e r t i s e m e n t With Us

ထရမ့်၏ ဂျေရုဆလင်ကြေညာချက်ကို မြောက်ကိုရီးယား ပြစ်တင်

ဂျေရုဆလင်ကို အစ္စရေးရဲ့ မြို့တော်အဖြစ် ထရမ့်က ကြေညာခဲ့တာနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားက အမေရိကန်ကို ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ ဒီဇင်ဘာ  ၉ ရက်နေ့က မြောက်ကိုရီးယားအစိုးရရုပ်သံ KRT ကနေ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမေရိကန်အပေါ် ပြစ်တင်ဝေဖန်ချက်ကို ဖတ်ကြားခဲ့တာလည်းဖြစ်ပါတယ်။ “အမေရိကန်သမ္မတ ဒေါ်နယ်ထ ရမ့်ရဲ့ ဆုံးဖြတ်ချက်ဟာ နိုင်တကာတရားဝင်မှု၊ ဒီကိစ္စနဲ့ပတ်သက်ပြီး တကမ္ဘာလုံးရဲ့အများသဘောတူညီမှုဆိုတာကို မျက်ကွယ်ပြုလိုက်တာဖြစ်သလို၊ စော်ကား လိုက်တာလည်းဖြစ်ပါတယ်။ အမေရိကန်သမ္မတရဲ့ ဆုံးဖြတ်ချက်ကို ပြစ်တင်ရှုတ်ချ၊ ဝေဖန်သင့်ပါတယ်။“ “အမေရိကန်ရဲ့ စဉ်းစားဆင်ခြင်မဲ့တဲလုပ်ရပ်၊ နိုင့်ထက်စီး နင်းလုပ်ရပ်ကြောင့် အရှေ့အလယ်ပိုင်းဒေသ မတည်မငြိမ်ဖြစ်မှု၊ အစွန်းအထင်းဖြစ်မှုတွေအတွက် အမေရိကန်မှာ အလုံးစုံတာဝန်ယူရှိပါတယ်” လို့ မြောက်ကို ရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up