Home
မြန်မာသတင်း
ပြည်ပ​ရောက်မြန်မာများ​ ​နေရာပြန်ချထား​ရေး​ ကွင်း​ဆင်း​လေ့​လာ
နော်နိုရင်း
·
April 18, 2012
အ​ကြောင်း​မျိုး​မျိုး​ကြောင့်​ ပြည်ပ​ရောက်ရှိ​နေတဲ့​ မြန်မာနိုင်ငံသား​တွေကို ပြန်လည် ​နေရာချထား​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​လုပ်ငန်း​အတွက် မြဝတီမြို့​နယ် တာဝန်ရှိသူ​တွေဟာ ကွင်း​ဆင်း​လေ့​လာမှု​တွေ ဒီ​နေ့​မနက်က ပြုလုပ်​နေတယ်လို့​ သိရပါတယ်။ [caption id="attachment_24239" align="alignleft" width="300" caption="ကွင်းဆင်းလေ့လာမှုများ ပြုလုပ်နေစဉ်"][/caption] မြဝတီခရိုင် အုပ်ချုပ်​ရေး​မှူး​ ဦး​မြင့်​တင်နဲ့​ အစိုး​ရဌာန​ပေါင်း​ ၁၄ ခုက တာဝန်ရှိသူ​တွေဟာ မြဝတီမြို့​နယ်အတွင်း​မှာရှိတဲ့​ ကလိုထူး​ဘော ကရင်အစည်း​အရုံး​ (​ကေ​ကေအို)ရဲ့​ ထိန်း​ချုပ်​ဒေသဖြစ်တဲ့​ ​ဝေါ်​လေနဲ့​ ချူး​ကလိ ​ဒေသဘက်မှာ ကွင်း​ဆင်း​လေ့​လာတာ ဖြစ်ပါတယ်။ ကရင်ပြည်နယ်ဝန်ကြီး​ချုပ်ရဲ့​ တာဝန်​ပေး​ချက်အရ ခုလို ကွင်း​ဆင်း​ ​လေ့​တာတာဖြစ်ပြီး​ ဒီမနက်ပိုင်း​မှာ ​ကေ​ကေအို အ​ခြေစိုက် ဆုံစည်း​မြိုင်မှာ သွား​ရောက်ပြီး​ ​ကေ​ကေအို တာဝန်ရှိသူ​တွေနဲ့​ ​တွေ့​ဆုံခဲ့​ပါတယ်။ မြဝတီခရိုင် တာဝန်ရှိသူ​တွေ လာ​ရောက် ​တွေ့​ဆုံမှုနဲ့​ ပတ်သက်ပြီး​ ​ကေ​ကေအိုအတွင်း​ရေး​မှူး​ ​စောဂုဏ်​အောင်က အခုလို ရှင်း​ပြပါတယ်။ “သူတို့​ပြောတာက ထိုင်း​နိုင်ငံမှာ ရှိ​နေတဲ့​ ဒုက္ခသည်စခန်း​က လူ​တွေကို ပြန်ပြီး​တော့​ လက်ခံဖို့​အတွက်ဆိုတဲ့​ အစီအစဉ်နဲ့​ လာတာ ဖြစ်ပါတယ်။ အဲဒါကို သူတို့​က ​ဝေါ​လေနဲ့​ ချူး​ကလိဘက်မှာ ပြန်ပြီး​ ​နေရာချထား​ပေး​ပေမယ့်​ဟာကို ကျ​နော်တို့​ဆီလာပြီး​ ဘယ်​နေရာချထား​ပေး​ရင် အဆင်​ပြေမလဲဆိုတာကို ​ဆွေး​နွေး​တာ​ပေါ့​။ ကျ​နော်တို့​က​တော့​ ဒီဥစ္စာက ကျ​နော်တို့​ လုပ်ပိုင်ခွင်ထဲမှာ မရှိဘူး​ဆိုတဲ့​ အ​ကြောင်း​နဲ့​ ​ကေအန်ယူတို့​၊​ ​ကေအာရ်စီတို့​၊​ ဒုက္ခသည်​တွေကို ​ထောက်ပံ့​ပေး​နေတဲ့​ အန်ဂျီအို အဖွဲ့​အစည်း​တွေရယ်၊​ ထိုင်း​အာဏာပိုင်​တွေ၊​ ယူအန်အိပ်ခ်ျစီအာက အရာရှိ​တွေ အစရှိသူ​တွေ အား​လုံး​နဲ့​ မြန်မာအစိုး​ရတို့​ ​ဆွေး​နွေး​ပြီး​မှ ဒါက လုပ်လို့​ရမယ့်​ ကိစ္စ ဖြစ်တယ်။ အဓိက​တော့​ ဒုက္ခသည်​တွေက သူတို့​ကိုယ်တိုင် လိုလိုလား​လား​နဲ့​ စိတ်အပူအပင်ကင်း​စွာ ပြန်နိုင်ဖို့​ အ​ရေး​ကြီး​ဆုံး​ ဖြစ်တယ်လို့​ ကျ​နော်တို့​က ရှင်း​ပြလိုက်ပါတယ်။” ​တွေ့​ဆုံ​ဆွေး​နွေး​အပြီး​ ည​နေပိုင်း​မှာ​တော့​ ဦး​မြင့်​တင်နဲ့​အဖွဲ့​ဟာ ​ဝေါ်​လေကို သွား​ရောက်ခဲ့​ပါတယ်။ အဲဒီမှာ ညအိပ်ပြီး​ မနက်ဖြန်မှာ ချူကလိဘက်ဆက်ပြီး​ ဖွံ့​ဖြိုး​ရေး​နဲ့​ ပြန်လည်​နေရာချထား​ရေး​အတွက် သွား​ရောက်မှာဖြစ်တယ်လို့​ ​စောဂုဏ်​အောင်က ​ပြောပါတယ်။ ဒါ​ပေမယ့်​ ထိုင်း​နိုင်ငံကို ​ရောက်ရှိ​နေတဲ့​ မြန်မာဒုက္ခသည်​တွေက​တော့​ မြန်မာနိုင်ငံကို ပြန်ဖို့​ ဘယ်အဖွဲ့​အစည်း​ကမှ တိုက်တွန်း​တာ မရှိသလို ပြန်ဖို့​လည်း​ အစီအစဉ် မရှိတဲ့​အ​ကြောင်း​၊​ မြန်မာနိုင်ငံအတွင်း​ စစ်မှန်တဲ့​ အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​ ရှိရင်​တော့​ ဒုက္ခသည်​တွေ ​နေရပ်ပြန်ဖို့​ အ​နေအထား​ရှိတယ်လို့​ မယ်လ ဒုက္ခသည်စခန်း​ ဥက္ကဋ္ဌ ​စောထွန်း​ထွန်း​က ​ပြောပါတယ်။ “နယ်စပ်​ဒေသမှာ တိုက်ပွဲ​တွေ မရှိ​တော့​ဘူး​။ တစုံတရာထိ ငြိမ်း​ချမ်း​မှု​တွေ ရယူနိုင်မယ်ဆိုရင်​တော့​ ပြန်ဖို့​ အ​နေအထား​တော့​ ရှိတာ​ပေါ့​။ ဒါ​ပေမယ့်​ ဒုက္ခသည် ပြန်ဖို့​ စတင် ​ဆွေး​နွေး​နိုင်မယ့်​ အ​ခြေအ​နေ​တွေ၊​ ​နေရပ်ကို ပြန်ပို့​နိုင်ဖို့​ အစီအစဉ်​တွေ ဆွဲနိုင်ဖို့​ အ​ခြေအ​နေက​တော့​ မြန်မာနိုင်ငံမှာ တကယ့်​ စစ်မှန်တဲ့​ အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​ ရရှိနိုင်မယ့်​ အချိန်၊​ ရရှိနိုင်မယ့်​ လမ်း​စ​တွေ မြင်လာမယ်။ လှုပ်ရှား​ဆောင်ရွက်မှု​တွေ ရှိလာမယ့်​ အချိန်​လောက်မှပဲ ဒုက္ခသည်ပြန်ပို့​ရေး​ အစီအစဉ်​တွေ စတင်လုပ်​ဆောင်မယ်လို့​ ​မျှော်လင့်​ပါတယ်။” ထိုင်း​-မြန်မာနယ်စပ်​နေ ဒုက္ခသည်​တွေကို ပူး​ပေါင်း​ကူညီ​ပေး​နေတဲ့​ (တီဘီဘီစီ)အဖွဲ့​ရဲ့​ စာရင်း​အရ ထိုင်း​နိုင်ငံအတွင်း​မှာ မြန်မာနိုင်ငံက ဒုက္ခသည် ၁သိန်း​ခွဲခန့်​ ရှိတယ်လို့​ ​ဖော်ပြထား​ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024