A d v e r t i s e m e n t With Us

အမေရိကန်၏ တောင်ကိုရီးယားနှင့်စစ်ရေးလေ့ကျင့်မှု၊ ဂျေရုဆလင်ကြေညာချက်အပေါ် ရုရှားပြစ်တင်

တောင်ကိုရီးယားနဲ့ စစ်ရေးလေ့ကျင့်မှုလုပ်ခဲ့တဲ့ အမေရိကန်ရဲ့လုပ်ရပ်ဟာ မြောက်ကိုရီးယားကို ဆွပေးနေတဲ့လုပ်ရပ်ဖြစ်ပြီး၊ ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုတဲ့ ကိစ္စဟာ အဓိပ္ပာယ်မဲ့လုပ်ရပ်ဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာ ၈ ရက်နေ့က သြစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့က အမေရိကန်ရဲ့ စစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားကို နောက်ထပ်းဒုံးကျည်စမ်းသပ်မှုတွေလုပ်အောင် ဆွပေးနေတာဖြစ်တယ်လို့လည်း ဆာဂေးလာဗရော့က ပြောကြားပါတယ်။ “ကျနော် မြောက်ကိုရီးယားရဲ့ ဒုံကျည်စမ်းသပ်မှုကို ဆင်ခြေပေးကာကွယ်နေတာ မဟုတ်ပါဘူး။ အဲဒီလုပ်ရပ်ကို ကျွန်တော်တို့ ပြစ်တင်ရှုတ်ချသလို၊ မြောက်ကိုရီးယားအနေနဲ့ ကုလလုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို အပြည့်အဝလိုက်နာဖို့ တောင်းဆိုပါတယ်။ သို့သော် နောက်ထပ်အန္တရာယ်ပေးတဲ့လုပ်ရပ်တွေ မြောက်ကိုရီးယားထပ်လုပ်အောင် အမေရိကန်ဟာ ဆွပေးနေသလို လုပ်နေတာပါ။ စေ့စပ်ဆွေးနွေးမှုတွေ ပြန်လုပ်ဖို့ အခြေအနေဖန်တီးဖို့ကိစ္စဟာ  အခုအခါမှာ ပိုပြီးခက်ခဲသွားပါလိမ့်မယ်။ ဒါပေမယ့် မြောက်ကိုရီးယားမကြာခဏပြောနေသလို သူတို့လုံခြုံရေးကို အာမခံပေးလိုတယ်ဆိုတာကိုတော့ ကျနော်အသေအချာပြောနိုင်ပါတယ်။” “ဂျေရုဆလင်ကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ကျနော် ရှင်းရှင်းပဲ မေးလိုက်ပါတယ်။ ဘယ်လို စဉ်းစားချက်မျိုးနဲ့ ဒီလိုလုပ်လိုက်ရသလဲဆိုတာ ရှင်းပြပါဦးဆိုပြီး မေးခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် မကြာသေးခင်ကာလကအထိ အမေရိကန်အစိုးရတွင်းမှာ လွှမ်းမိုးထားတဲ့ မူဝါဒနဲ့ချိန်ကြည့်ရင်ကို ဒီကြေညာချက်ဟာ အဲဒီ မူဘောင်ထဲနဲ့ အကျုံးမဝင်တာတွေ့ရလိုပါ။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီနေ့ ကုလလုံခြုံရေးကောင်စီ အစည်းအဝေးရှိပါတယ်။ အမေရိကန်တာဝန်ရှိသူတွေအနေနဲ့ ဒီကြေညာချက်နဲ့ ပတ်သက်ပြီး နောင်ဖြစ်လာနိုင်တဲဟာတွေ၊ ဘယ်ဦးတည်ချက်ကို သွားနေသလဲဆိုတဲ့ကိစ္စ သူတို့အမြင်တွေကို ရှင်းပြလိမ့်မယ်လို့ ကျွန်တော်တို့ မျောင်လင့်ပါတယ်။” လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့က ပြောကြားသွားတာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up