မုန်တိုင်းမတိုက်ခင် တိမ်မည်းကြီးတွေ ဘယ်လို လိမ့်တက်လာသလဲ (ရုပ်သံ)

သြစတြေးလျနိုင်ငံ ကွင်းစလန် ပြည်နယ် ဒါလင်ဒေါင်းစ်မြို့မှာ မုန်တိုင်းမတိုက်ခင် ဒီဇင်ဘာ ၈ ရက်နေ့က တိမ်မည်းတွေ လိမ့်တက်လာပုံကို တွေ့ရတာပါ။ ဘရစ်စဘိန်းမြို့ အနောက်ဘက် ကီလိုမီတာ ၃၀၀ အကွာက ကမ်းခြေမှာ တိမ်တွေရဲ့ ပုံကို ဒေသခံ ဘာရီစကောက်က မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့တာပါ။ ဒီဇင်ဘာ ၈ ရက်နေ့က ဆိုးရွား ပြင်းထန်တဲ့ မုန်တိုင်းတွေ ကွင်းစလန် ပြည်နယ်ကို တိုက်ခတ်ခဲ့တယ်၊ လေပြင်းကြောင့် ပြည်နယ် အစိတ်အပိုင်းတွေမှာ အပျက်အစီးရှိခဲ့တယ်လို့ ဒေသခံ မီဒီယာက အစီရင်ခံပါတယ်။ မိုးလေဝသ ဗျူရိုက ကွင်းစလန် ပြည်နယ်အတွက် မုန်တိုင်း အန္တရာယ် သတိပေးချက်ကို အင်မတန် အန္တရာယ်ကြီးတဲ့အဆင့်ထိ တိုးမြှင့် ထုတ်ပြန်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up