သက်ကြီး နိုင်ငံရေးသမားများကို ကန်တော့ပွဲ အဖွဲ့ချုပ်ရုံးတွင် ကျင်းပ
DVB
·
April 18, 2012
ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ သက်ကြီးပူဇော်ပွဲတခု ဒီနေ့ နှစ်ဆန်း ၂ ရက်နေ့ နေ့လယ်ပိုင်းက ပြုလုပ်သွားခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေဟာ အသက်အရွယ်ကြီးရင့်နေပြီ ဖြစ်တဲ့ ဝါရင့်နိုင်ငံရေးသမားကြီးတွေ၊ ဦးအေးသာအောင်၊ ဦးခွန်ထွန်းဦးစတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အဖွဲ့ချုပ် သက်ကြီးခေါင်းဆောင်တွေဖြစ်တဲ့ ဦးအောင်ရွှေ၊ သူရဦးတင်ဦး၊ ဦးဝင်းတင်(ဟံသာဝတီ)၊ ဦးလှဖေ၊ ဦးသန်းထွန်း၊ ဦးညွန့်ဝေ စသူတို့ကို မြန်မာ့နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် မြန်မာကျပ်ငွေ ၁ သောင်းစီနဲ့ အဝတ်အစားတွေကို ကန်တော့ခဲ့ကြတာပါ။