သမ္မတထရမ့်၏ ဂျေရုဆလင်ကြေညာချက်ကို အိမ်ဖြူတော်အနီး ဆန္ဒပြ

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ ဂျေရုဆလင်မြို့ကို အစ္စရေးရဲ့ မြို့တော်အဖြစ် အသိအမှတ်ပြုလိုက်တာကို ကန့်ကွက်တဲ့အနေနဲ့ သမ္မတအိမ်ဖြူတော်အနီးမှာ မနေ့က ဝတ်ပြုဆုတောင်းပွဲလုပ်ပြီး ဆန္ဒပြခဲ့သလို၊ နယူးယောက်မြို့ တိုင်းမ်စ်စကွဲ (Times Square) ရင်ပြင်မှာလည်း လူရာနဲ့ချီပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဒီဇင်ဘာ ၈ ရက်နေ့မှာ ဝါရှင်တန်က သမ္မတအိမ်ဖြူတော်အပြင်ဘက် လာဖီယက်ပန်းခြံရှိ လမ်းပေါ်မှာ မွတ်ဆလင်ဘာသာဝင်တွေက သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်ပြီး ဆန္ဒပြခဲ့ရာမှာ လူရာဂဏန်းထိ တက်ရောက်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာ သမ္မတ ထရမ့်ဟာ အိမ်ဖြူတော်မှာ ရှိနေပေမယ့် အဲဒီ ဆန္ဒပြမှုကို မြင်ဖွယ်မရှိဘူးလို့လည်း ရိုက်တာသတင်းက ဖော်ပြပါတယ်။ ဒါ့အပြင် နယူးယောက်မြို့က တိုင်းမ်စ်စကွဲ (Times Square) ရင်ပြင်မှာလည်း ဆန္ဒပြသူ ရာပေါင်းများစွာဟာ ပါလက်စတိုင်းကို ထောက်ခံတဲ့ ကြွေးကြော်သံတွေ၊ အလံတွေနဲ့ ဆန္ဒပြခဲ့ကြတာပါ။ အဲဒီဆန္ဒပြသူတွေအနီးမှာလည်း သူတို့ကို တန်ပြန်ဆန္ဒပြတဲ့ လူတစုလည်း ရှိနေခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

More News
Up