A d v e r t i s e m e n t With Us

ကမ္ဘာ့ဖလားတွင် အာဂျင်တီးနား မအောင်မြင်ပါက နိုင်ငံအသင်းမှ အနားယူမည်ဟု မက်ဆီပြော

လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်း အောင်မြင်မှုမရခဲ့ရင် နိုင်ငံ့လက်ရွေး စင်အသင်းကနေ အနားယူမယ်လို့ တိုက်စစ်မှူး မက်ဆီက ပြောပါတယ်။ မက်ဆီဟာ ၂၀၁၆ ကိုပါ အမေရိကဖလားမှာ ဒုတိယနဲ့ ကျေနပ်ခဲ့ရပြီးနောက် လက်ရွေးစင်အသင်းကနေ အနားယူတော့မယ်လို့ ပြောကြားခဲ့ပေမယ့် နောက်ပိုင်းမှာ ပြန်လည်ကစားခဲ့တာပါ။ ကမ္ဘာ့ဖလားမှာ ဆိုးရွားတဲ့ ရလဒ်ကြုံခဲ့မယ်ဆိုရင် မိမိသာမက တခြားအသင်းသားတွေပါ အသင်းနဲ့ လမ်းခွဲဖွယ်ရှိတယ်လို့ မက်ဆီကပြောပါတယ်။ အာဂျင်တီးနားအသင်းဟာ လာမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အိုက်စလန်၊ ခရိုအေးရှား၊ နိုက်ဂျီးရီးယားတို့နဲ့ တစ်အုပ်စုတည်း တွေ့ဆုံနေတာပါ။ အသက် ၃၀ ရှိ မက်ဆီအနေနဲ့ ဘာစီလိုနာ အသင်းနဲ့အတူ ဆုဖလားများစွာ ရယူနိုင်ခဲ့ပေမယ့် အာဂျင်တီးနားအသင်းမှာတော့ ၂၀၀၅ ယူ ၂၀ ကမ္ဘာ့ဖလားနဲ့ ၂၀၀၈ အိုလံပစ်ရွှေတံဆိပ်တွေပဲ ရယူထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up