A d v e r t i s e m e n t With Us

ဝဲလ်ကော့ကို ခေါ်ယူရန် အဲဗာတန်နည်းပြ ပြင်ဆင်

အဲဗာတန်နည်းပြ ဆမ်အလာဒိုက်စ်ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အာဆင်နယ်က ဝဲလ်ကော့ကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ ဆမ်အလာဒိုက်စ်နဲ့ သီအိုဝဲလ်ကော့တို့ဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာ လက်တွဲခဲ့ဖူးပါတယ်။ အင်္ဂလန်နည်းပြဟောင်း ဆမ်အလာဒိုက်စ်အနေနဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစာသးမား အင်အားဖြည့်တင်းဖို့အတွက် အသင်းပိုင်ရှင်ဆီက ခွင့်ပြုချက်လည်း ရထားတယ်လို့ ဆိုပါတယ်။ ဆမ်အလာဒိုက်အနေနဲ့ အာဆင်နယ်အသင်းမှာ ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ ဝဲလ်ကော့ကို တိုက်စစ်မှူး နေရာအတွက် ရည်ရွယ်ပြီး ကစားစေမယ်လို့ ဆိုပါတယ်။ အာဆင်နယ်အသင်းဘက်ကလည်း ဝဲလ်ကော့အတွက် ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမယ်ဆိုရင် လက်ခံစဉ်းစားဖွယ် ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up