ဗြိတိန်နံပါတ် ၁ တင်းနစ်မယ် နည်းပြအဖြစ် မိုက်ကယ်ဂျွိုက်ကို ခန့်မည်

ဗိတိန်နံပါတ် ၁ တင်းနစ်မယ် ဂျိုကွန်တာဟာ သူ့ရဲ့ နည်းပြချုပ်ရာထူးအတွက် ရှာရာဗိုဗာနဲ့ အဇာရန်ကာတို့ကို နည်းပြဖူးတဲ့ မိုက်ကယ်ဂျွိုက်ကို ခန့်အပ်မယ်လို့ သိရပါတယ်။ ကမ္ဘာ့အဆင့် ၉ ရှိတဲ့ ဂျိုကွန်တာဟာ ၂၀၁၇ ခုနှစ် တင်းနစ်ရာသီမှာ ဝင်ဘယ်လ်တန် အိုးပင်းဆီမီးဖိုင်နယ်အထိ တက်ရောက်ခဲ့ပေမယ့် လာမယ့်နှစ်မှာ အမြင့်ဆုံး အောင်မြင်မှုရဖို့အတွက် နည်းပြသစ်နဲ့ လေ့ကျင့်လိုတာပါ။ နည်းပြ မိုက်ကယ်ဂျွိုက်ဟာ နှစ်သက်စရာကောင်းပြီး သူ့ရဲ့ နည်းပြဘဝ မှတ်တမ်းတွေကလည်း ကောင်းမွန်ခဲ့တာကြောင့် အတူလေ့ကျင့်ဖို့ စိတ်လှုပ်ရှားမိတယ်လို့ ဂျိုကွန်တာက ဆိုပါတယ်။ အသက် ၄၄ နှစ်ရှိ အမေရိကန်နည်းပြ မိုက်ကယ်ဂျွိုက်ဟာ နာမည်ကြီး တင်းနစ်မယ် ရှာရာဗိုပါရဲ့ နည်းပြအဖြစ်  သူ့ရဲ့ ဖခင်နဲ့အတူ ၇ နှစ်ကြာ တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ အသက်၂၆ နှစ်ရှိ ဗြိတိန်တင်းနစ်မယ် ဂျိုကွန်တာအနေနဲ့ နည်းပြသစ်ရဲ့ လေ့ကျင့်ပေးမှုနဲ့အတူ လာမယ့် သြစတြေးလျအိုးပင်းမှာ အောင်မြင်မှုရဖို့ မျှော်မှန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up