Home
မြန်မာသတင်း
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးဦးစီးဌာန ညွှန်ချုပ်အဖြစ် ဦးဇော်ဌေးကို ခန့်အပ်
DVB
·
December 8, 2017
နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို  ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် နိုင်ငံတော်သမ္မတက ပြောင်းရွှေ့ခန့်အပ်လိုက်တယ်လို့  မြန်မာနိုင်ငံ ပြန်တမ်းထုတ်ပြန်ချက်အရ သိရပါတယ်။ တာဝန်ဝတ္တရားတွေကို စတင်ထမ်းဆောင်ရွက်တဲ့ နေ့ကနေ စတင်ပြောင်းရွှေ့ခန့် အပ်ထားလိုက်တာဖြစ်ပြီး ရက်အတိအကျကိုတော့ ပြန်တမ်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။ အလားတူ နိုင်ငံတော်သမ္မတရုံးမှ ဒုညွှန်ကြားရေးမှူးချုပ် ဦးဝင်းကျော်အောင်ကိုလည်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန မူဝါဒရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် စတင် အစမ်းခန့်ထားလိုက်တယ်လို့  နိုင်ငံတော်ပြန်တမ်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024