ရုရှားရေတပ်က ရေငုပ်သင်္ဘောဖျက်သင်္ဘောကြီး သီလဝါဆိပ်ကိမ်း ဆိုက်ကပ် (ဓာတ်ပုံ)
DVB
·
December 8, 2017
ရုရှားရေတပ်မတော်က ရေငုပ်သင်္ဘောဖျက်သင်္ဘော “Admiral Panteleev” ဟာ မနေ့က ရန်ကုန် သီလဝါဆိပ်ကမ်းကို ဆိုက်ကပ်လာတယ်လို့ ရုရှားသံရုံးက သတင်းထုတ်ပြန်ပါတယ်။
ရုရှားရေတပ်သင်္ဘောဟာ နှစ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဒီဇင်ဘာ ၁၀ ရက်နေ့အထိ ဆိုက်ကပ်ထားမှာဖြစ်ပြီး ဒီဇင်ဘာ ၉ ရက်နေ့ မနက် ၁၀နာရီကနေ ညနေ ၃ နာရီအထိ မြန်မာပြည်သူလူထုတွေကို ကြည့်ရှုလေ့လာခွင့် ပေးမယ်လို့ သိရပါတယ်။
ဓာတ်ပုံ-ရုရှားသံရုံး