A d v e r t i s e m e n t With Us

စီရော်နယ်ဒို Ballon d’Or အကောင်းဆုံးဘောလုံးသမားဆု ၅ ကြိမ်မြောက်ရရှိ

ရီးရဲမက်ဒရစ်နဲ့ ပေါ်တူဂီရှေ့တန်းတိုက်စစ်မှူး စီရော်နယ်ဒိုဟာ ပြိုင်ဘက် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီရဲ့စံချိန်ကို အမီလိုက်ပြီး ၂၀၁၇ ခုနှစ်အတွက် ပြင်သစ်ဘော လုံးမဂ္ဂဇင်းကပေးအပ်တဲ့   Ballon d'Or အကောင်းဆုံး ဘောလုံးသမား ဆုကို ၅ ကြိမ်မြောက်ရရှိသွားပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရော်နယ်ဒိုဟာ ရီးရဲမက်ဒရစ်အသင်းကို  ချန်ပီယံလိဂ်ဖလားနဲ့ စပိန်လာလီဂါလိဂ်ဆုဖလားတွေ ရအောင် အဓိက ကစားသမားအဖြစ် ကူညီစွမ်းဆောင်ပေး နိုင်ခဲ့တဲ့အတွက် မက်ဆီနဲ့ နေမာတို့ကို ကျော်ဖြတ်ပြီး ဒီဆုရရှိခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် ဥရောပ ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲမှာ ဂျူဗင်တပ်စ်ကို ၄ ဂိုး ၁ ဂိုးနဲ့ နိုင်တဲ့ပွဲမှာ ရော်နယ်ဒိုက ၂ ဂိုးသွင်းယူပေးခဲ့ပြီး ချံပီယံလိဂ်ပွဲစဉ် ၂၉ ပွဲမှာ ၂၅ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ စီရော်နယ်ဒိုက “ဒီဆုဟာ နှစ်တိုင်းလိုချင်မျှော်လင့်နေတဲ့ဆုဖြစ်တယ်၊ ရီးရဲလ်မက်ဒရစ်အသင်းဖော်တွေကို ကျေးဇူးတင်ပါတယ်၊ ဒီအဆင့်ထိရောက်အောင် ကူညီပံ့ပိုးပေးခဲ့သူအားလုံးကို ကျေးဇူးတင်ချင်ပါတယ်” လို့ ပဲရစ်မြို့က အီဖယ်မျှော်စင်မှာ ဆုယူအပြီးမှာ ပြောပါတယ်။ ရော်နယ်ဒိုဟာ  Ballon d'Or ဆုကို ၂၀၀၈ ၊ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ရရှိခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up