A d v e r t i s e m e n t With Us

နာမည်ကြီး တင်းနစ်မယ် ဆရီနာဝီလျံ သြစတြေးလျအိုးပင်းတွင် ပြန်လည်ယှဉ်ပြိုင်မည်

လာမယ့်ဇန်နဝါရီမှာ စတင်မယ့် သြစတြေးလျအိုးပင်းမှာ အမေရိကန် နာမည်ကြီး တင်းနစ်မယ် ဆရီနာဝီလျံ ပြန်လည်ယှဉ်ပြိုင်မယ်လို့ ပြိုင်ပွဲကျင်းပရေး ဒါရိုက်တာက ပြောပါတယ်။ ဆရီနာအနေနဲ့ ဗီဇာလည်းရပြီး ဖြစ်တာကြောင့် ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ သံသယဖြစ်စရာ မရှိဘူးလို့ ဆိုပါတယ်။ အသက် ၃၆ နှစ်ရှိ ဆရီနာဝီလျံဟာ ပြီးခဲ့တဲ့ ဇန်နဝါရီက ကစားခဲ့တဲ့ သြစတြေးလျ အိုးပင်းမှာ အစ်မဖြစ်သူ ဗီးနပ်စ်ဝီလျံကို အနိုင်ယူပြီး ချန်ပီယံဆု ရယူခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာ ကိုယ်ဝန်ရှိခဲ့တာကြောင့် တင်းနစ်မကစားတော့ဘဲ ၂၀၁၇ ခုနှစ် တရာသီလုံး အနားယူခဲ့တာပါ။ ဆရီနာဝီလျံအနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်က သမီး တဦး မွေးဖွားခဲ့တာကြောင့် လေ့ကျင့်မှုတွေ ပြန်လည်စတင်နေတယ်လို့ ဆိုပါတယ်။ လက်ရှိ ကမ္ဘာ့အဆင့် ၂၂ ရှိ ဆရီနာဝီလျံဟာ ဂရန်းစလမ်း ချန်ပီယံ ၂၃ ကြိမ်အထိ ရရှိထားပြီး သြစတြေးလျ တင်းနစ်မယ် မာဂရတ်ကုတ် စံချိန်တင်ထားတဲ့ ဂရန်းစလမ်းချန်ပီယံ ၂၄ ကြိမ်ကို အမီလိုက်ဖို့ မျှော်လင့်ထားပါတယ်။ ၁၀၆ ကြိမ်မြောက် သြစတြေးလျ အိုးပင်းပြိုင်ပွဲကို လာမယ့်ဇန်နဝါရီ ၁၅ ရက်ကနေ ၂၈ ရက်အထိ မဲလ်ဘုန်းမြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up