မန်ယူက မာတာ အလိုက်ပေးပြီး ဂျိုအာမာရီယိုကို ကမ်းလှမ်းမည်ဟုဆို

မန်ယူနည်းပြ မော်ရင်ဟိုဟာ အင်တာမီလန်က ဂျိုအာမာရီယိုအား ခေါ်ယူဖို့အတွက် ကွင်းလယ်လူ မာတာကို အလိုက်ပေး ကမ်းလှမ်းမယ်လို့ သိရပါတယ်။ အီတလီသတင်းစာတစောင်ရဲ့ အဆိုအရ မန်ယူနည်းပြ မော်ရင်ဟိုက ပေါ်တူဂီလက်ရွေးစင် ဂျိုအာမာရီယိုကို ခေါ်ယူဖို့ ဆန္ဒရှိနေပြီး အသင်းမှာ ပွဲထွက်ခွင့်မရတဲ့ မာတာနဲ့ မက်လုံးပေး ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ အသက်၂၄ နှစ်ရှိ ဂျိုအာမာရီယိုဟာ ပြီးခဲ့တဲ့နှစ်ကမှ စပို့တင်းလစ္စဘွန်းအသင်းကနေ ပြောင်းရွှေ့လာတာပါ။ ဂျိုအာမာရီယိုကို ပီအက်စ်ဂျီအသင်းကလည်း ခေါ်ယူလိုနေတာကြောင့် မန်ယူအသင်းအနေနဲ့ သူ့ကို ခေါ်ယူနိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းရဖွယ် ရှိနေတယ်လို့ ဆိုပါတယ်။

More News
Up