သမ္မတဦးထင်ကျော် ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားမည်
DVB
·
December 8, 2017
နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံဟာ ဂျပန်နိုင်ငံသို့ မကြာခင်ကာလမှာ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်မယ်လို့ ဒီကနေ့ထုတ် အစိုးရပိုင်သတင်းစာတွေမှာ အတည်ပြု သတင်းထုတ်ပြန်ပါတယ်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ဖိတ်ကြားချက်အရ တိုကျိုမြို့မှာ ကျင်းပမယ့် ကမ္ဘာ့ကျန်းမာရေးဖိုရမ် Universal Health Coverage Forum 2017 ကို တက်ရောက်ဖို့နဲ့ နှစ်နိုင်ငံ ဆက်ဆံရေးမြှင့်တင်ဖို့ သွားရောက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာသမ္မတ ဦးထင်ကျော် ကျန်းမာရေးမကောင်းဘူးလို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ ခုလို ဂျပန်နိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်မယ်လို့ အစိုးရက သတင်းထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
သမ္မတ ဦးထင်ကျော်ထံဟာ မနေ့ကတော့ ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်ဇေယျနဲ့ ဘရာဇီးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးတင့်တို့ကို သမ္မတရုံးခန်းမှာ တွေ့ဆုံခဲ့ပါတယ်။
ဓာတ်ပုံ-MOI