ဒိုင်လူကြီးအား ဝေဖန်ခဲ့သည့် ချဲလ်ဆီးနည်းပြကို အက်ဖ်အေ ဒဏ်ရိုက်

1.7K
ဆွမ်ဆီးနဲ့ပွဲမှာ ဒိုင်လူကြီးကို ဒေါသတကြီးဝေဖန်ခဲ့တဲ့ ချဲလ်ဆီးနည်းပြ ကွန်တီကို အက်ဖ် အေက ပေါင် ၈ ထောင် ဒဏ်ရိုက်လိုက်ပါတယ်။
နည်းပြကွန်တီအနေနဲ့ အဲဒီပွဲမှာ ဒိုင်လူကြီး ဆုံးဖြတ်ချက်ကို လက်ခံပေမယ့် ပြိုင်ဘက်အသင်းက အချိန်ဆွဲလွန်းနေတာကို အရေးယူမှုမလုပ်ခဲ့တာကြောင့် ဒေါသထွက်ကာ ပြောဆိုခဲ့တာပါ။
အဲဒီပွဲ ပထမပိုင်းအပြီးမှာ နည်းပြကွန်တီကို ဒိုင်လူကြီးက ကွင်းဘေးကနေ ကြီးကြပ်ခွင့် ပိတ်ပင်ခဲ့ပါသေးတယ်။
စတုတ္ထဒိုင်လူကြီးကို ဒေါသတကြီးပြောဆိုခဲ့တ့ ကွန်တီအနေနဲ့ ပွဲအပြီး တောင်းပန်မှုပြုလုပ်ခဲ့ပေမယ့် အက်ဖ်အေ ဘက်က လက်မခံဘဲ အခုလို ဒဏ်ငွေ ရိုက်ခဲ့တာလည်းဖြစ်ပါတယ်။