Home
မြန်မာသတင်း
လွှတ်တော် လက်ကမ်းစာစောင် ပထမအကြိမ် ထုတ်ဝေ
DVB
·
December 7, 2017

လွှတ်တော်လုပ်ငန်းစဉ်တွေကို လေ့လာသိရှိနိုင်ဖို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် လွှတ်တော် လက်ကမ်းစာစောင်ကို ပထမဆုံးအကြိမ် ဝေဝေဆာဆာထုတ်ဝေ လိုက်ပါတယ်။ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က ပြုစုထုတ်ဝေ လိုက်တာဖြစ်ပြီး လွှတ်တော်နဲ့ ပြည်သူတွေအကြား ရင်းနှီးကျွမ်းဝင်မှုရှိစေဖို့ လိုအပ်နေချိန် ထုတ်ဝေတာလို့  အဖွဲ့ဥက္ကဋ္ဌ ဦးတီခွန်မြတ်ရဲ့ အမှာစာမှာ ဖော်ပြထားပါတယ်။ လွှတ်တော်လက်ကမ်းစာစောင်မှာ အခန်း ၇ ခု ပါရှိပြီး  လွှတ်တော်ဖွဲ့စည်းပုံ၊ လွှတ်တော်ရဲ့ လုပ်ငန်းတာဝန်များ၊ လွှတ်တော်အစည်းအဝေးများရဲ့ ဆောင်ရွက်ချက်များ၊ လွှတ်တော်ကော်မတီများ စတဲ့ အခန်းတွေ ပါဝင်ပါတယ်။ အခန်းတိုင်းမှာ ရောင်စုံသရုပ်ဖော်ပုံတွေ ဝေေ၀ဆာဆာနဲ့ တင်ပြထားတာတွေ့ရပြီး ဂျာမနီနိုင်ငံက နည်းပညာအထောက်အကူပေးထားတဲ့ လွှတ်တော် လက်ကမ်းစာစောင်ကို ပြည်ထောင်စုလွှတ်တော် ဖေ့စ်ဘွတ်မှာ ဒေါင်းလုပ်ယူနိုင်ကြပါတယ်။ ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ လွှတ်တော်တွေဟာ ပထမအကြိမ် ၅ နှစ် သက်တမ်းပြီးလို့ ဒုတိယအကြိမ် သက်တမ်းတနှစ်ကျော်ကို ဖြတ်သန်းနေတုန်း နုနယ်သေးတဲ့ လွှတ်တော်တွေဖြစ်ပါတယ်လို့ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဥက္ကဋ္ဌက ဥယျောဇဉ်မှာ ရေးထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024