မုံရွာ တရုတ်တန်း မီးလောင်
DVB
·
April 18, 2012
စစ်ကိုင်းတိုင်း မုံရွာမြို့မှာ နှစ်ဆန်း ၁ ရက်နေ့ညက မီးလောင်မှုတခု ဖြစ်ပွားခဲ့တာကြောင့် လူနေအိမ် ၅ လုံးလောက် မီးထဲပါသွားတယ်လို့ မုံရွာမီးသတ်ဌာနက ပြောပါတယ်။
မုံရွာမြို့ ဗိုလ်ချုပ်လမ်း ဘုရားကြီးရပ်ကွက် တရုတ်တန်းမှာ ည ၉ နာရီခွဲလောက်ကနေ ည ၁၀ နာရီကျော်လောက်အထိ မီးလောင်ကျွမ်းခဲ့တာလို့ မီးသတ်ဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။
မီးလောင်မှုကြောင့် လူတွေ ထိခိုက်ဒဏ်ရာရရှိမှု သတင်းကတော့ မရသေးပါဘူး။ မီးလောင်မှုဖြစ်ရခြင်း အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲပဲလို့ မီးသတ်တပ်ဖွဲ့က ဆိုပါတယ်။