ရန်ကုန်-စစ်တွေကားလမ်းတွင် မိုင်းဟုယူဆရသည့် မသင်္ကာဖွယ် ပစ္စည်းနှစ်ခုတွေ့ရှိ
Published By
DVB | 7 December, 2017
1.8K
0
Share
0
Comment
0
Likes
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ရန်ကုန် - စစ်တွေကားလမ်း မိုင်တိုင်အမှတ် ၁၁၃ နဲ့ ၁၁၃ / ၁ အကြားမှာ ဒီနေ့ မနက်က မိုင်းလို့ယူဆရတဲ့ ပစ္စည်းနှစ်ခု တွေ့ရှိခဲ့ပြီး တပ်မတော်က မိုင်းရှင်းနေပါတယ်။
ရန်ကုန်-စစ်တွေကားလမ်း သံတံတားအမှတ် ၇/၁၁၂ ရဲ့ ထိပ်သံဘောင်အောက်မှာ နှစ်ပင်လိမ် (နီ/နက်) နဲ့ ဘတ္တရီအိုးကို သွယ်တန်းထားတဲ့ မသင်္ကာဖွယ်ရာ မိုင်းလို့ ယူဆရတဲ့ ပစ္စည်းနှစ်ခု တွေ့ရှိခဲ့တာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပါတယ်။
ကားလမ်းကို ယာယီပိတ်ထားပြီး တပ်မတော်က မိုင်းရှင်လင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး သတင်းအခြေအနေအား ဆက်လက်ထုတ်ပြန်သွားမယ်လို့ ပြည်ထဲရေး သတင်းမှာ ဖော်ပြပါတယ်။