ပြင်သစ်အဆိုတော် ဂျန်နီဟယ်လီဒေး ကွယ်လွန်

ဓာတ်ပုံ - ရိုက်တာ
1.7K
ပြင်သစ် အဲဗစ်ပရက်စလေ ဆိုပြီး ထင်ရှားတဲ့ အဆိုတော် ဂျွန်နီ ဟယ်လီဒေးဟာ ဒီဇင်ဘာ ၆ ရက်နေ့က ကင်ဆာရောဂါနဲ့ အသက် ၇၄ နှစ် အရွယ်မှာ ကွယ်လွန်သွားပါတယ်။
အဆိုတော် ဂျွန်နီ-ဟယ်လီဒေးဟာ ပြင်သစ်နိုင်ငံမှာ ရော့ခ်အင်ရိုး တခေတ် ဆန်းသစ်အောင် ကူညီပေးခဲ့သူ ဖြစ်ပါတယ်။
သမ္မတရုံးက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဂျွန်နီဟာ ထင်ရှားတဲ့ ပုဂ္ဂိုလ်အဖြစ် နှစ်ပေါင်း ၅၀ ကျော် ရပ်တည်ခဲ့တယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။
အဆိုတော် ဂျွန်နီ-ဟယ်လီဒေးဟာ ဓာတ်ပြားပေါင်း သန်း တစ်ရာကျော် ရောင်းချခဲ့ပြီး သူရဲ့ စူးရှရှ အသံနဲ့ ကောင်းဘွိုင်စတိုင်လ် ဟန်ပန်ကြောင့် ပြင်သစ်နဲ့ ပြင်သစ် စကားပြော နိုင်ငံတွေမှာ ကျော်ကြားခဲ့ပါတယ်။
ဂျွန်နီ-ဟယ်လီဒေး ကွယ်လွန်ခဲ့တာနဲ့ ပတ်သက်ပြီး ပြင်သစ်သမ္မတ မာခွန်းက “ကျနော်တို့အားလုံးမှာ ဂျွန်နီရဲ့ အငွေ့အသက်တွေ ရှိနေတယ်” လို့ ပြောခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။