လီဗာပူးက စပါတပ်မော်စကို ၇ ဂိုးပြတ် အနိုင်ရရှိ (ရုပ်သံဟိုက်လိုက်)

2K
လီဗာပူးကပဲ အိမ်ကွင်းမှာ ကစားကွက် အသာစီးယူ ကစားသွားပြီး ဂိုးတွေကို ကော်တင်ဟို၊ ဖာမင်နို၊ မာနေးနဲ့ ဆာလက်တို့က အသီးသီး သွင်းယူပါတယ်။
ဒီပွဲမှာ ဘရာဇီး ကစားသမား ကော်တင်ဟို ခြေစွမ်းပြ ကစားနိုင်ပြီး ဒုတိယအကြိမ်မြောက် ဟက်ထရစ်ဂိုးလည်း သွင်းယူနိုင်ခဲ့ပါတယ်။
လီဗာပူးဟာ အင်္ဂလိပ်အသင်းတွေထဲကနေ ပထမဆုံးအကြိမ်အဖြစ် ၅ သင်းမြောက် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်တဲ့ အသင်းအဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။
စပါတပ် မော်စကိုအတွက်တော့ ချန်ပီယံလိဂ်ပွဲ မှတ်တမ်းမှာ ကစားထားတဲ့ ၂၉ ပွဲမှာ ၂၃ ပွဲမြောက် ရှုံးပွဲလည်း ဖြစ်ပါတယ်။
ဒီပွဲနိုင်တဲ့ လီဗာပူးက အုပ်စု (အီး) မှာ ၁၂ မှတ်နဲ့ အုပ်စုဗိုလ်၊ ဆီဗီလာက ၉ မှတ်နဲ့ အုပ်စု ဒုတိယရပြီး ရှုံးထွက်အဆင့်ကို တက်ရောက်သွားပါတယ်။
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံး အဆုံးအဖြတ် ပွဲစဉ်မှာ လီဗာပူးက စပါတပ် မော်စကိုအသင်းကို ၇ ဂိုးပြတ်နဲ့ နိုင်ပြီး အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တဆင့်ကို တက်ရောက်သွားပါတယ်။