Home
မြန်မာသတင်း
အန်အယ်ဒီပါတီဝင်​လျှောက်ထား​သူအချို့​ သတင်း​ပေး​များ​ ပါဝင်
ရွှေအောင်
·
April 17, 2012
မန္တ​လေး​တိုင်း​အတွင်း​ ပါတီဝင်​လျှောက်လွှာ​တွေ လက်ခံ​နေရာမှာ သတင်း​ပေး​တွေနဲ့​တခြား​နိုင်ငံ​ရေး​ ပါတီဝင်တချို့​ရဲ့​ ​လျှောက်လွှာ​တွေကိုပါ ​တွေ့​ရှိရတာ​ကြောင့်​ ​နောင် အရှုပ်အရှင်း​ မရှိ​အောင် အ​သေအချာ စိစစ်​နေတယ်လို့​ မန္တ​လေး​တိုင်း​ အန်အယ်လ်ဒီပါတီ တာဝန်ခံ ဦး​သိန်း​တန်က ​ပြောပါတယ်။ “အခုချိန်မှာ​တော့​ တမြို့​တည်း​မှာဆို​တော့​ သိ​နေကြတယ်။ တချို့​က သတင်း​ပေး​တွေ ဝင်လာကြတယ်။ တချို့​ကလည်း​ အန်ဒီအက်ဖ်ကလူ​တွေ ဝင်လာကြတယ်။ အဲဒါ​တွေကို ​စောင့်​ကြည့်​ပြီး​ အစည်း​အ​ဝေး​ထိုင်ပြီး​ ဆုံး​ဖြတ်မှာပါ။ ကြံ့​ခိုင်​ရေး​က တချို့​ပါတယ်။ တချို့​က ရိုး​ရိုး​သား​သား​နဲ့​ ထွက်လာတယ်။ ပါတီက ​ထောက်ခံစာ ယူလာပါဆိုပြီး​ အပ်တယ်ဆိုရင် လက်ခံထား​တာရှိတယ်။ တချို့​က အဲဒီလို မဟုတ်ဘဲနဲ့​ ဟိုဘက်ကလည်း​ ကတ်ကိုင်ထား​တယ်။ ကျ​နော်တို့​ဆီလည်း​ ​လျှောက်လွှာတင်ထား​တယ်။ အဲဒါမျိုး​လည်း​ ရှိတယ်။” ကြား​ဖြတ်​ရွေး​ကောက်ပွဲကာလက ပါတီ​အောင်နိုင်​ရေး​ကိစ္စ​တွေ ​ဆောင်ရွက် ​နေရတာ​ကြောင့်​ ပါတီဝင်​လျှောက်လွှာ စိစစ်​ရေး​ကို အခုမှ ​ဆောင်ရွက်ရမှာလို့​လည်း​ ဆိုပါတယ်။ မန္တ​လေး​တိုင်း​ တတိုင်း​လုံး​မှာ အန်အယ်လ်ဒီ ပါတီဝင်​လျှောက်လွှာ ၂ ​သောင်း​ ဖြန့်​ဝေထား​ပြီး​၊​ မန္တ​လေး​တမြို့​တည်း​ အ​နေနဲ့​တော့​ ​လျှောက်လွှာ ၅၀၀ ​လောက် လက်ခံရရှိထား​ပြီး​ ဖြစ်ပါတယ်။ ပါတီဝင်​လျှောက်လွှာ​တွေကို ရပ်/​ကျေး​အဆင့်​၊​ မြို့​နယ်အဆင့်​၊​ တိုင်း​အဆင့်​ စသဖြင့်​ အဆင့်​ဆင့်​ မှတ်ချက်​တွေ ​ပေး​ပြီး​မှ အဖွဲ့​ချုပ်ဗဟိုကို ပို့​ဆောင်မှာ ဖြစ်ပါတယ်။ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ကို ပြန်လည်မှတ်ပုံတင်ပြီး​တဲ့​နောက် အရင် ပါတီဝင်​တွေအား​လုံး​ ပါတီဝင်အဖြစ် ​လျှောက်လွှာ ပြန်တင်ကြရတာလည်း​ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024