Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
December 6, 2017
မတ်ပဲ ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ပိဿာ ၆၀ ဝင် ၁ အိတ်ကို ၅၀,၅၀၀ ပေါက်ဈေးရှိနေပြီး မနေ့ကထက် ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၅၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၅၃,၀၀၀ ပေါက်ဈေးရှိနေပြီး မန္တလေး ကုန်စည်ဒိုင်မှာလည်း ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေး ၁ အိတ်ကို ၃,၀၀၀ ကျပ်ကျပ်နီးပါး ဈေးကွာခြားမှု ရှိပါတယ်။ ပဲစင်းငုံနီ ပဲစင်းငုံနီကတော့ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ၁ အိတ်ကို ၃၃,၆၀၀ ကျပ် ပေါက်ဈေးရှိနေပြီး မန္တလေးကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၃၀,၅၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ ရန်ကုန်ရော မန္တလေးမှာပါ ၁ အိတ်ကို ၅၀၀ ကျပ်နီးပါး ဈေးမြင့်တက်လာပြီးတော့ ၁ အိတ်ကို ၃၀၀၀ ကျော် ဈေးကွာခြားမှု ရှိပါတယ်။ ကုလားပဲလုံး v2 ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ကုလားပဲလုံး v2 ၅၆.၂၅ ပိဿာဝင် ၁ အိတ်ကို ၈၄,၄၀၀ ကျပ် ပေါက်ဈေး ရှိနေပြီး ကုလားပဲ အများဆုံး ဝင်တဲ့ မန္တလေး ပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၁၀၂,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၀၃,၀၀၀ ပေါက်ဈေး ရှိနေပါတယ်။ ရန်ကုန် ကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးက ၁ အိတ်ကို ၅,၀၀၀ ကျပ်ကျော် ဈေးကျဆင်းသွားပြီး မန္တလေး ကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁,၀၀၀ ကျပ် လောက် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး ၁ အိတ်ကို ငွေကျပ် ၂၀,၀၀၀ နီးပါး ဈေးကွာခြားမှု ရှိပါတယ်။ စီပီပြောင်း မန္တလေး ပွဲစားကုန်သည် စက်ပိုင်အသင်းမှာ စီပီပြောင်းက ၅၄ ပိဿာဝင် ၁ အိတ်ကို ၂၀,၀၀၀ ကျပ်နေ ၂၃,၅၀၀ ပေါက်ဈေး ရှိနေပြီး စီပီပြောင်း အများဆုံး ဝင်ရောက်တဲ့ လားရှိုး ကုန်စည်ဒိုင်မှတော့ ၁ အိတ်ကို ၂၃,၈၀၀ ကျပ်မှ ငွေကျပ် ၂၄,၈၅၀ ပေါက်ဈေးရှိပါတယ်။ လားရှိုးနဲ့ မန္တလေး ၁ အိတ်ကို ၃,၀၀၀ ကျပ်နီးပါး ဈေးကွာခြားမှု ရှိပါတယ်။ နှမ်းနက်(စမုံ) မန္တလေး ကုန်စည်ဒိုင်မှာ နှမ်းနက်(စမုံ)က ၄၅ ပိဿာဝင် ၁ အိတ်ကို ၁၂၇,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၂၈,၀၀၀ ပေါက်ဈေး ရှိနေပြီး ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၀၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၂၃,၀၀၀ ပေါက်ဈေး ရှိပါတယ်။ ၁ အိတ်ကို ၅,၀၀၀ ကျပ်နီးပါး ဈေးကွာခြားမှု ရှိပါတယ်။ ကြက်သွန်နီ မြင်းခြံ ကုန်စည်ဒိုင်မှာ အသစ်ဝင်ရောက်တဲ့ မိုးကြက်သွန်နီတွေက ၁ ပိဿာကို ၅၀၀ ကျပ်ကနေ ငွေကျပ် ၂,၂၀၀ ပေါက်ဈေး ရှိနေပြီး ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၆၀၀ ကျပ်ကနေ ငွေကျပ် ၂,၂၅၀ ပေါက်ဈေး ရှိပါတယ်။ ၁ အိတ်ကို ၅၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။ သတင်း- AMIA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024