Home
မြန်မာသတင်း
အချိန်အခါမဟုတ်မိုးများ တပြည်လုံးအနှံ့ ရွာသွန်းနိုင်
DVB
·
December 6, 2017
  ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်အရှိန်ကြောင့် တပြည်လုံးအနှံ့ အချိန်အခါမဟုတ်မိုးများရွာသွန်းနိုင်တယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၆ရက် မွန်းလွဲ ၁နာရီခွဲအချိန် တိုင်းတာချက်အရ မုန်တိုင်းငယ်အရှိန်ကြောင့် ဒီဇင်ဘာ ၇ရက်ကနေ ၁၀ရက်အတွင်း အချိန်အခါမဟုတ်မိုးများ ရွာသွန်းနိုင်တာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့  ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ကယားပြည်နယ်တို့မှာ နေရာ ကျဲကျဲနဲ့  ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ ခန့်မှန်း ဖော်ပြထားပါတယ်။ မိုးလေ၀သပညာရှင် ဦးထွန်းလွင်ကလည်း မုန်တိုင်းငယ်ဟာ ကနဦးတွက်ချက်မှုများအရ အိန္ဒိယနိုင်ငံဖက်ကမ်းခြေဆီသို့ တဖြည်းဖြည်းရွေလျှားရင်း ရေပေါ်မှာ အားပျော့ပျက်ပြယ်သွား ဖွယ်ရာရှိတယ်။ မုန်တိုင်းရဲ့အရှိန်ကြောင့် မြန်မာနိုင်ငံဖက်မှာလည်း မိုးရွာဖွယ်ရှိတယ်လို့ သူ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024