Home
မြန်မာသတင်း
ယခုနှစ်တွင်း လူပေါင်း ၃၀၀ ကျော် လူကုန်ကူးခံရ၊ ကလေး ၅၀ ကျော် ပါဝင်
DVB
·
December 6, 2017
  ဒီနှစ်အတွင်းမှာ လူပေါင်း ၃၀၀ ကျော် လူကုန်ကူးခံခဲ့ရပြီး ဒီထဲမှာ ကလေး ၅၀ ကျော်ပါတယ်လို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ လူကုန်ကူးမှုပေါင်း ၂၀၉ ခု ရှိခဲ့တာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာလအထိ ၁၈၈ မှု ဖြစ်ခဲ့တာကြောင့် နိုဝင်ဘာ တလတည်းမှာ ၂၁ မှု ဖြစ်ခဲ့တာပါ။ ဒီအမှုတွေကို လူပေါင်း ၆၀၀ ကျော်က ကျူးလွန်ခဲ့ပြီး လူကုန်ကူးခံရသူကတော့ ၃၃၄ ယောက်ရှိပါတယ်။ ဒီထဲမှာ ယောင်္ကျားလေး ၁၁ ယောက်နဲ့ မိန်းကလေး ၄၂ ယောက်လည်း ပါ ပါတယ်။ လူကုန်ကူးတာ အများဆုံးဖြစ်ခဲ့တာကတော့ ရန်ကုန်တိုင်းမှာ ၅၄ မှု၊ ရှမ်းပြည်နယ်မှာ ၅၂ မှု၊ ကချင်ပြည်နယ်မှာ ၂၉ မှု ဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်နဲ့ ရှမ်းပြည်နယ်မှာ ဖြစ်တဲ့အမှုတွေဟာ တနိုင်ငံလုံးမှာ ဖြစ်တာရဲ့ ထက်ဝက်ကျော် ရှိနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတော့ တနိုင်ငံလုံးမှာ လူကုန်ကူးမှုပေါင်း ၁၃၁ မှုကို အရေးယူနိုင်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ လူကုန်ကူးမှုပေါင်း ၁၃၈၀ မှုကို ဖော်ထုတ်အရေးယူခဲ့ပြီး အဲဒီအမှုတွေမှာ လူပေါင်း ၃၄၈၉ ယောက် လူကုန်ကူး ခံခဲ့ရတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024