A d v e r t i s e m e n t With Us

ဂျေရုဆလင်ကို အစ္စရေးနိုင်ငံ မြို့တော်အဖြစ် ထရမ့်က အသိမှတ်ပြုမည်ဟုဆို

A general view shows the Dome of the Rock and Jerusalem's Old City from David Tower December 4, 2017. REUTERS/Ronen Zvulun
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဂျေရုဆလင်မြို့ကို အစ္စရေးနိုင်ငံ မြို့တော်အဖြစ် အသိအမှတ်ပြုမှာဖြစ်ပြီး အမေရိကန် သံရုံးကိုလည်း ဂျေရုဆလင် ပြောင်းရွှေ့မယ့် အစီအစဉ်ကို စတင်မယ်လို့ အမေရိကန် အကြီးတန်းတာဝန်ရှိသူတဦးက ဒီဇင်ဘာ ၅ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ဟာ ဆယ်စုနှစ်ပေါင်းများစွာကြာ ကိုင်စွဲထားတဲ့  အမေရိကန် ပေါ်လစီကို ကပြောင်းကပြန် ဖြစ်စေပြီး အရှေ့အလယ်ပိုင်းဒေသမှာ အကြမ်းဖက်မှုတွေကို မီးထိုးပေးမယ့် အန္တရာယ်ရှိပါတယ်။ ဂျေရုဆလင်မြို့ကို အစ္စရေးနိုင်ငံ မြို့တော်အဖြစ် အသိမှတ်ပြုရေး ကိစ္စကို အာရပ်ကမ္ဘာနဲ့ မွတ်စလင်နိုင်ငံတွေကို ဆန့်ကျင်နေကြပါတယ်။ ပါလက်စတိုင်းနိုင်ငံဟာလည်း အရှေ့ဂျေရုစလင်ကို ပါလက်စတိုင်းရဲ့ အနာဂတ်မြို့တော်အဖြစ် အလိုရှိနေတာ ဖြစ်ပါတယ်။ ၁၉၆၇ ခုနှစ် အရှေ့အလယ်ပိုင်းစစ်ပွဲမှာ အစ္စရေးတို့က အာရပ်ပိုင် အရှေ့ဂျေရုစလင်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ဂျေရုစလင် တမြို့လုံးကို အစ္စရေး အချုပ်အခြာအဖြစ် အသိအမှတ်မပြုပါဘူး။ ဂျေရုစလင်မြို့ဟာ အစ္စလာမ်၊ ခရစ်ယာန်နဲ့ ဂျူးဘာသာ ၃ ခုတို့ရဲ့ ဘာသာရေး အထွတ်အမြတ်နေရာ ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up