A d v e r t i s e m e n t With Us

တရုတ်နှင့် ကုန်သွယ်ရေး သဘောတူညီချက်ရရန် နှစ်ချီ ကြာနိုင်ဟု ကနေဒါပြော

Canadian Prime Minister Justin Trudeau, left, shakes hands with Chinese President Xi Jinping prior to a meeting at the Diaoyutai State Guesthouse in Beijing Tuesday, Dec. 5, 2017. Trudeau told reporters that his country won't be rushing into negotiations that could affect their economies for "coming decades and generations. (Sean Kilpatrick/The Canadian Press via AP)
တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးညှိနှိုင်းမှု သဘောတူညီချက်ရဖို့ နှစ်နဲ့ချီ ကြာနိုင်တယ်လို့   ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်-ထရူဒေါက ဒီဇင်ဘာလ ၅ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ တရုတ်နိုင်ငံကို ၄ ရက်ကြာ အလည်အပတ်ခရီး ရောက်ရှိနေတဲ့ ထရူဒေါဟာ သတင်းစာရှင်းလင်းပွဲမှာ အထက်ပါအတိုင်း ပြောကြားလိုက်တာပါ။   ဒါဟာ နေ့ချင်းညချင်း လုပ်လို့ရတဲ့ လုပ်ငန်းစဉ် မဟုတ်ဘူးလို့လည်း ထရူဒေါက ထပ်လောင်းပြောကြားခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်အဖွဲ့ (TPP) ကနေ နုတ်ထွက်ခဲ့ပြီး မြောက်အမေရိက လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်  (NAFTA) ကနေ နုတ်ထွက်တော့မယ်လို့ ခြိမ်းခြောက်ပြောကြားခဲ့ပါတယ်။ အဲဒီ သဘောတူစာချုပ် နှစ်ခုစလုံးမှာ ကနေဒါနိုင်ငံ ပါဝင်ထားတဲ့အတွက် ကနေဒါဟာ ကုန်သွယ်ဘက် နိုင်ငံသစ်တွေ ရွေးချယ်ဖို့ စဉ်းစားနေပါတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေး ကြီးထွားလာမှုကို ကိုးကားပြီး ကနေဒါဝန်ကြီးချုပ်က  ကုန်သွယ်ရေး သဘောတူညီမှုတွေ မပြုလုပ်ခင် မူဘောင်နဲ့ ရှင်းလင်းတဲ့ စည်းမျဉ်းတွေ ချမှတ်တာ အကောင်းဆုံးဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up