စပါးနောက်ခံလူ ဒယ်နီရို့စ်ကို ပေါင်သန်း ၅၀ ဖြင့် မန်ယူ ကမ်းလှမ်းမည်

1.9K
မန်ချက်စတာယူနိုက်တက်အသင်းဟာ စပါးဘယ်နောက်ခံလူ ဒယ်နီရို့စ်ကို ပေါင်သန်း ၅၀ နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းသွားမယ်လို့ ဆိုပါတယ်။
နည်းပြ မော်ရင်ဟိုအနေနဲ့ အသင်းရဲ့ ဘယ်နောက်ခံနေရာမှာ အက်ရှ်လေယန်း ခြေစွမ်းပြနေပေမယ့် အသက်အရွယ် ရလာတဲ့အတွက် ရေရှည်အသုံးပြုဖို့ ဒယ်နီရို့စ်ကို ခေါ်ယူလိုနေတာပါ။
စပါးအသင်းဟာလည်း ဒူးဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာတဲ့ ဒယ်နီရို့စ်ကို အရန်ကစားသမားအဖြစ် သတ်မှတ်ထားတာကြောင့် ပေါင်သန်း ၅၀ နဲ့ ကမ်းလှမ်းမယ်ဆိုရင် လက်ခံဖို့ ရှိနေပါတယ်။
မန်ယူအသင်းဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ခေါ်ယူလိုပေမယ့် ဒူးဒဏ်ရာရနေတာကြောင့် အဆင်မပြေဖြစ်ခဲ့တာလို့ သိရပါတယ်။
စပါးအသင်းဟာ ညာနောက်ခံ လူကိုင်လီဝေါ်ကာကိုလည်း မန်စီးတီးအသင်းဆီ ရောင်းချခဲ့ပါတယ်။