ဆံတော်ရှင် ကျိုက်ထီးရိုးဘုရား ရင်ပြင်တော် ယနေ့နံနက်မြင်ကွင်း (ဓာတ်ပုံ)
DVB
·
December 6, 2017
ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မှာ ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်အသင်းရဲ့ ၁၄ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဘုရားဖူးခရီးသည်တွေကို ဒီနေ့ ဒီဇင်ဘာ ၆ ရက် တနေ့တာ ကားနဲ့ အခမဲ့ ပို့ဆောင်ပေးနေပါတယ်။
ဒါ့အပြင် ဘုရားဖူးတွေကို စတုဒိသာအဖြစ် မုန့်ဟင်းခါး၊ ထမင်း၊ တိုရှည်၊ ဖျော်ရည်အအေးနဲ့ ဖရဲသီးတွေနဲ့ ကျွေးမွေးလှူဒါန်းနေတာကြောင့် ဘုရားရင်ပြင်တော်မှာလည်း ဘုရားဖူးလာသူတွေနဲ့ စည်ကားနေပါတယ်။