အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်များ မဲခွဲ၊ လီဗာပူးနှင့်အဲဗာတန် ထိပ်တိုက်တွေ့

1.7K
အက်ဖ်အေ ဖလားတတိယအဆင့်ပွဲစဉ်တွေကို မဲခွဲဆုံးဖြတ်ခဲ့ရာမှာ လီဗာပူးနဲ့ အဲဗာတန်တို့ ထိပ်တိုက်တွေ့ဆုံခဲ့ပါတယ်။
ဒီပွဲကို လီဗာပူးအသင်းရဲ့ အမ်ဖီးဒ်ကွင်းမှာ ကစားရမှာဖြစ်ပြီး မာဆေးလ်ဆိုဒ် ဒါဘီပြိုင်ပွဲဘက်တွေဖြစ်လို့ ပြိုင်ဆိုင်မှုပြင်းထန်လာဖို့ရှိပါတယ်။
တတိယအဆင့်မှာ အသင်းစုစုပေါင်း ၆၄ သင်းပါဝင်ပြီး ပရီးမီးယားလိဂ်က ၁၇ သင်း ပါဝင်ပါတယ်။
လက်ရှိချန်ပီယံ အာဆင်နယ်အသင်းက ချန်ပီယံရှစ်ကလပ် နော်တင်ဟမ်ဖောရက်စ်နဲ့ အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာပါ။
မန်ယူအသင်းက ဒါဘီကောင်တီနဲ့ အိမ်ကွင်းမှာတွေ့ဆုံနေပြီး ချဲလ်ဆီးနဲ့ နောဝှစ်ခ်ျ၊ မန်စီးတီးနဲ့ ဘန်လေ၊ စပါးနဲ့ဝင်ဘယ်လ်ဒန်အသင်းတို့ တွေ့ဆုံခဲ့ပါတယ်။
အင်္ဂလန်အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်တွေကို လာမယ့် ဇန်န၀ါရီ ၅ ရက်ကနေ ၇ ရက်နေ့အထိ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။