မန်ယူ ၂-၁ စီအက်စ်ကေအေ၊ ဘင်ဖီကာ ၀-၂ ဘေဆယ် (ရုပ်သံဟိုက်လိုက်)

1.9K
မန်ယူအသင်းဟာ အိမ်ကွင်းမှာ စီအက်စ်ကေအေ မော်စကိုအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး၊ ဘေဆယ်အသင်းကတော့ အဝေးကွင်းမှာ ဘင်ဖီကာအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
မန်ယူအသင်းဟာ အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူ ကစားနိုင်ခဲ့ပေမယ့် ပထမပိုင်းပွဲချိန် ၄၅ မိနစ်မှာ စီအက်စ်ကေအေအသင်းက အရင်သွင်းယူခဲ့တာဖြစ်ပါတယ်။
မန်ယူအသင်းရဲ့ အနိုင်ဂိုးတွေကိုတော့ တိုက်စစ်မှူး လူကာကူနဲ့ ရပ်ခ်ျဖို့ဒ်တို့က ပွဲချိန် ၆၄ မိနစ်နဲ့ ၆၆ မိနစ်တို့မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။
အုပ်စု (အေ) မှာ မန်ယူအသင်းက အုပ်စု ပထမ၊ ဘေဆယ်က ဒုတိယနဲ့ ချန်ပီယံလိဂ် ၁၆ အသင်းအဆင့်ကို တက်ရောက်သွားပါတယ်။
ဒီနေ့မနက်အစောပိုင်း ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ချန်ပီယံလိဂ် အုပ်စု (အေ) ပွဲစဉ်တွေမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဘေဆယ်အသင်းတို့ အနိုင်ရခဲ့ပြီး အုပ်စုကနေ တက်ရောက်သွားပါတယ်။