A d v e r t i s e m e n t With Us

ကျပ် ၅၀၀၀ တန် ဖုန်း​ကတ် သုံး​ခွင့်​ရ​ရေး​ နီး​စပ်​နေပြီ

တယ်လီဖုန်း​ ဆင်း​မ်ကတ်တခုကို ကျပ် ၅,၀၀၀ နဲ့​ အများ​ပြည်သူ အသုံး​ပြုနိုင်ဖို့​ကိစ္စဟာ တဖြည်း​ဖြည်း​နီး​ကပ်လာ​နေပြီလို့​ ဒီ​ဈေး​နှုန်း​ကို မြန်မာပြည်မှာ စတင်မိတ်ဆက်တင်ပြသူ ​ရွှေပြည်တံခွန် ကုမ္ပဏီက မန်း​နေဂျင်း​ ဒါရိုက်တာ ဦး​လွင်နိုင်ဦး​က ​ပြောပါတယ်။ ဦး​လွင်နိုင်ဦး​တို့​ ကနဦး​က စီစဉ်​နေတဲ့​ ကျပ် ၅၀၀၀ တန် ဆင်း​မ်ကတ်ကိစ္စ ​နောက်ဆုံး​ အ​ခြေအ​နေ​လေး​ သိပါရ​စေ။ “ကျ​နော်တို့​ တင်ထား​တုန်း​ပဲ။ ဥပ​ဒေကို ​စောင့်​နေတာ​ပေါ့​နော်။ အဲဒါပါပဲ။” မြန်မာ့​ဆက်သွယ်​ရေး​နဲ့​ ​ကြေး​နန်း​ကို တရား​ဝင်တင်ထား​တဲ့​ အ​ခြေအ​နေက​ရော..။ “ဟုတ်ကဲ့​။ တရား​ဝင် တင်ထား​တာပဲ။ ဆက်သွယ်​ရေး​နဲ့​ ပတ်သက်တဲ့​ ဥပ​ဒေကို လွှတ်​တော်မှာတင်မယ်ဆိုပြီး​ ဦး​အောင်သိန်း​လင်း​က ကျ​နော့်​ကို​ပြောသွား​တယ်။ ပြီး​ခဲ့​တဲ့​လက ကျ​နော်တို့​ ၂ ​ယောက်​တွေ့​တုန်း​ကပါ။” သမ္မတကလည်း​ သူ့​ရဲ့​ ၁ နှစ်တာ နိုင်ငံ​တော်အ​ခြေပြ မိန့်​ခွန်း​ထဲမှာ ကျပ် ၅၀၀၀ တန်ဖုန်း​ ပုံစံမျိုး​ တန်ဖိုး​နည်း​ဖုန်း​တွေ သုံး​နိုင်​အောင် ​ပြောသွား​တယ်။ အဲဒီ​တော့​ ဘယ်​လောက်ထိ​အောင် နီး​စပ်လဲ။ ဘယ်လိုခန့်​မှန်း​လဲဗျ။ “နီး​စပ်ပါတယ်ခင်ဗျ။ လိုအပ်​တွေ ကိစ္စ​တွေ လုပ်ပြီး​သွား​ရင်။ ဥပ​ဒေ ပြင်ပြီး​သွား​ရင် လုပ်လို့​ရပြီဗျ။” ဥပ​ဒေက ဘယ်​လောက်ထိ​အောင် ကြာနိုင်လဲ။ “ဒါက​တော့​ ဥ​ပေဒကို လုပ်မယ့်​ လွှတ်​တော်ကိုယ်စား​လှယ်​တွေအ​ပေါ်မှာ မူတည်တာပဲဗျ။ လွှတ်​တော် ကိုယ်စား​လှယ်​တွေက ဒါဟာ ပြည်သူ​တွေအတွက် လုပ်ရမယ်။ နိုင်ငံတကာမှာလည်း​ ဒါမျိုး​ဖြစ်​နေပြီ။ ​နောက်ပြီး​ အခုကိစ္စက အ​ရေး​ကြီး​တယ်ဆိုတာကို လွှတ်​တော် ကိုယ်စား​လှယ်​တွေ အား​လုံး​ သိကြပါတယ်။ ဟိုတ​လောက​တော့​ ဂျာနယ်​တွေမှာ ကြား​တာက ​မေလ​လောက်ကို တင်မယ်ကြား​တယ်။” အခု ၂ သိန်း​တန်ဖုန်း​တွေ ​ရောင်း​နေတယ်​နော်။ “ဟုတ်ပါတယ်။ ၂ သိန်း​တန်ဖုန်း​တွေဆိုတာက တန်ဖိုး​နည်း​ဖုန်း​တွေမှ မဟုတ်တာဗျာ။” အရင်က ၁၅ သိန်း​လောက်က​နေ တဖြည်း​ဖြည်း​ ကျလာတာ​နော်။ “အဲဒါက အရင်အစိုး​ရတုန်း​ကပါ။ အခု​ခေတ် အ​ခြေအ​နေအရ ဂလိုဘယ်လိုက်​ဇေး​ရှင်း​လည်း​ ဖြစ်​နေပြီ​လေ။ ပါး​စပ်က ​ပြောလို့​မရဘူး​။ လက်​တွေ့​ ဂလိုဘယ် ဖြစ်​အောင် ဘယ်လိုလုပ်ရမလဲ။ စီး​ပွား​ရေး​ပုံစံတခုဖြစ်​နေတာကို ဘယ်လို​ပြောင်း​ရမလဲ။ အရင်တုန်း​က လုပ်တဲ့​ခေတ်​တွေ စနစ်​တွေ မရှိ​တော့​ဘူး​။ အ​ခြေခံဥပ​ဒေမှာလည်း​ ဘာ​တွေဆိုတာ ​ရေး​ထား​ပြီး​သား​ပါ။ ​ဈေး​ကွက်စီး​ပွား​ရေး​စနစ်ကို ကျ​နော်တို့​ ကျင့်​သုံး​ရမယ်။” ဦး​လွင်နိုင်ဦး​တို့​ ကျပ် ၅၀၀၀ တန်ဖုန်း​ သတင်း​က​တော့​ မြန်မာပြည်တပြည်လုံး​ကို ဆွဲ​ခေါ်သွား​သလိုပဲ ဒီကြား​ထဲ သမ္မတသက်တမ်း​ ၁ နှစ်ပြည့်​ မိန့်​ခွန်း​မှာလည်း​ ဒီကိစ္စကိုလည်း​ ထည့်​ပြောသွား​တယ်ဆို​တော့​ အလား​အလာက​တော့​ ​တော်​တော်​လေး​ နီး​စပ်တဲ့​သ​ဘော​ပေါ့​နော်။ “ဟုတ်ပါတယ်။ ဒါက သမ္မတကြီး​ကလည်း​ သန်း​ ၆၀ ​သော ပြည်သူ​တွေဘက်က ရပ်တည်ပြီး​ ​ပြောသွား​တာပါ။” ဆက်သွယ်​ရေး​ဥပ​ဒေက တင်လိုက်ပြီး​ ကျလာလို့​ ဦး​လွင်နိုင်ဦး​တို့​ လုပ်ပိုင်ခွင့်​ ရလာရင် ဘယ်နှလ​လောက်အတွင်း​မှာ အ​ကောင်အထည် ​ဖော်နိုင်မလဲ။ “ကျ​နော်အရင်က ကတိ​ပေး​ထား​သလိုပဲ ၃ လနဲ့​ ၆ လအတွင်း​မှာ ဧရာဝတီတိုင်း​နဲ့​ ရန်ကုန်တိုင်း​အတွင်း​မှာ အ​ကောင်အထည်​ဖော်မှာပါ။”

A d v e r t i s e m e n t With Us

More News
Up