ခရစ်စတယ်ပဲလ်လေစ့်အသင်း ကွင်းသစ်တည်ဆောက်မည်

1.8K
ပရီးမီးယားလိဂ်ကလပ် ခရစ်စတယ်ပဲလ်လေစ့်အသင်းဟာ ယူရို ၇၅ သန်းကနေ သန်း ၁၀၀ တန်ကြေးရှိတဲ့ ပရိသတ် ၃ သောင်း ၄ ထောင်ကျော် ဆံ့တဲ့ ကွင်းသစ် တည်ဆောက်သွားဖို့ ရှိနေပါတယ်။
လက်ရှိ ဆဲလ်ဟက်စ်ပက်ဂရောင်းကွင်းကြီးကို ပြန်လည်ပြင်ဆင်သွားမှာဖြစ်ပြီး ငါးထပ်အဆောင်ကို ဖန်သားတွေနဲ့ တည်ဆောက်သွားမယ့် ဒီဇိုင်းပုံစံလည်း ဖြစ်ပါတယ်။
၁၉၂၄ ခုနှစ်ကတည်းက တည်ဆောက်ထားခဲ့တဲ့ အဆိုပါကွင်းကြီးကို ၃ နှစ်အတွင်း ပြင်ဆင်သွားမှာ ဖြစ်ပြီး ခရိုင်ဒွန်ကောင်စီရဲ့ ခွင့်ပြုချက်လည်း ရရှိပြီး ဖြစ်ပါတယ်။
ခရစ်ပဲလေစ့်အသင်းဟာ ကွင်းသစ်ကြီးအဖြစ် ပြုပြင်မွမ်းမံဖို့အတွက် အန်ဖီး၊ တွစ်ကန်ဟမ်၊ ဝင်ဘယ်လ်ဒန်ကွင်းတို့ကို ပြင်ဆင်ခဲ့ဖူးတဲ့ နာမည်ကြီး ဗိသုကာကုမ္ပဏီဖြစ်တဲ့ KSS ကို ငှားရမ်းထားပြီး အဓိက ပွဲကြည့်စင်ဟာ ပရိသတ် ၅၄၀၀ ကနေ ၁၃၅၀၀ ထိဝင်ဆံ့မှာ ဖြစ်သလို တကွင်းလုံး ပရိသတ် ၃၄၀၀၀ ကျော်ထိ ဝင်ဆံ့ဖွယ်ရှိနေပါတယ်။
ကွင်းကြီးရဲ့ ရှေ့ဘက်မှာတော့ ရွှေရောင် သိမ်းငှက်ရုပ်ဒီဇိုင်းပုံစံကို မြင်တွေ့ရမှာဖြစ်ပြီး ပရိသတ် ၂၅၀၀ အတွက် ဟိုတယ်နဲ့ အပန်းဖြေခြင်းများ ပြုလုပ်နိုင်ရေး တည်ဆောက်သွားဖို့ ရှိနေပါတယ်။