ချောက်မြို့နယ်တွင် ရေနံပိုက်လိုင်း ယိုစိမ့်မှု ဖြစ်ပွား
DVB
·
December 5, 2017
ချောက်မြို့နယ် ချောက်ရေနံမြေမှ ပိုက်လိုင်းနဲ့ ရေကြောင်းဆီတွဲသို့တင်ပို့တဲ့ ရေနံပိုက်လိုင်းမှာ ရေနံတွေယိုစိမ့်မှုဖြစ်ပွားခဲ့ပါတယ်။
ဒီနေ့ မနက် ၁၀ နာရီခွဲလောက်မှာ ပုဂံ-ညောင်ဦး-ချောက် ကားလမ်း အမှတ် (၂) ရေနံချက်စက်ရုံ အနောက်ဖက်မှာ ရေနံပိုက်လိုင်းရဲ့ ၆ လက်မဘား လည်ပင်းပြတ် ပွင့်ထွက်ပြီး ရေနံအများအပြား ကားလမ်းမပေါ်ယိုစိမ့်မှု ဖြစ်ပွားခဲ့တာပါ။
အဆိုပါ နေရာအား ခရီးသွားပြည်သူတွေ အန္တာရာယ်ကင်းရှင်းနိုင်ရေးအတွက် ချောက်ရေနံမြေ ရေနံမန်နေဂျာ ဦးကရင်နော်အောင်နဲ့ ရေနံမီးသတ်၊ မြို့နယ်မီးသတ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့နဲ့အတူ ချောက်ရေနံမှ တာဝန်ရှိသူတွေက ရှင်းလင်းဆောင်ရွက်နေပါတယ်။ ဆုံးရှုံးမှု ရေနံဂါလံ အရေအတွက်ကိုတော့ မသိရသေးပါဘူး။
သတင်း - ကိုလင်း(ချောက်)