ကမ္ဘာ့ဖလားတွင် စောင့်ကြည့်ရမည့် ကစားသမား ၅ ဦး

လာမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မထင်ဘဲ ခြေစွမ်းပြလာနိုင်တဲ့ စောင့်ကြည့်ရမယ့် ကစားသမား ၅ ဦး ရှိနေပါတယ်။ ဒီကစားသမားတွေကတော့ သက်ဆိုင်ရာ ကလပ်အသင်းတွေမှာ ခြေစွမ်းပြနေတဲ့ ကစားသမားတွေ ဖြစ်ပြီးတော့ ခြေစစ်ပွဲကာလကလည်း မိခင်အသင်းအတွက် အထောက်အကူပြုခဲ့တဲ့ ကစားသမားတွေ ဖြစ်ပါတယ်။ ပထမဆုံးတယောက်ကတော့ ဒေါ့မန်အသင်းကနေ ဘာစီလိုနာအသင်းကို ပေါင် ၉၇ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ အော့စမန်ဒမ်ဘီလီဖြစ်ပြီး ပြင်သစ်အသင်းဖော် အမ်ဘာပေးနဲ့အတူ ခြေစွမ်းပြနိုင်မယ့် အကောင်းဆုံး လူငယ်ကစားသမားအဖြစ် စောင့်ကြည့်ခံနေရပါတယ်။ နောက်ထပ်တဦးကတော့ လီဗာပူးက အီဂျစ်တိုက်စစ်မှူး ဆာလက် ဖြစ်ပြီးတော့ ပရီးမီးယားလိဂ်မှာ ဂိုးအများဆုံး သွင်းထားသူထဲက တဦး ဖြစ်ပါတယ်။ နောက်ထပ်တဦးကတော့ ဘာစီလိုနာ ကွင်းလယ်လူ အင်နီယေစတာနဲ့ နှိုင်းယှဉ်ခံနေရတဲ့ ဘရာဇီးလ် လူငယ်ကြယ်ပွင့် အာသာ ဖြစ်ပါတယ်။ နောက်ထပ်နှစ်ဦးကတော့ ဖရီးကစ်နဲ့ ထောင့်ကန်ဘော စပယ်ရှယ်လစ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဥရုဂွေး ကွင်းလယ်ခံစစ်ကစားသမား ဂက်စတန်ဆေးလ်ဗားနဲ့ လိုက်ပ်ဇစ်အသင်းက လူငယ်ကြယ်ပွင့်တိုက်စစ်မှူး တိုင်မိုဝါနာတို့ပဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up