A d v e r t i s e m e n t With Us

ယီမင်တွင် အကြမ်းဖက်မှုများ တိုးလာသည့်အတွက် စိုးရိမ်ကြောင်း ကုလပြော

ဓာတ်ပုံ - ရိုက်တာ
ယီမင်နိုင်ငံအတွင်း အကြမ်းဖက်မှုတွေ တိုးလာနေတဲ့အတွက် နက်နက်ရှိုင်းရှိုင်း စိုးရိမ်မိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ စတက်ဖှန် ဒူဟဲရစ်က ပြောကြားလိုက်ပါတယ်။ သမ္မတဟောင်း အလီ အဗ္ဗဒူလာ ဆာလေးဟာ တိုက်ခိုက်ခံရမှုကြာင့် မနေ့က သေဆုံးပြီဆိုတဲ့ အစီရင်ခံစာတွေ ထွက်လာအပြီးမှာ ခုလို ပြောလိုက်တာပါ။ ဆာလေးရဲ့ သံချပ်ကာကားကို ဟူသီတိုက်ခိုက်ရေးသမားတွေက စာနာမြို့ပြင်မှာ အာရ်ပီဂျီ ဒုံးကျည်နဲ့ ချိန်ရွယ် ရပ်တန့်ခိုင်းခဲ့အပြီး ဆာလေးကို အသေပစ်သတ်ခဲ့တာကြောင့် လမ်းဘေး တိုက်ခိုက်မှုမှာ သေဆုံးခဲ့တယ်လို့ ဟူသီပြည်သူ့စစ်တွေက ပြောပါတယ်။ ဆာလေးဟာ ယီမင်ပြည်တွင်းစစ်အတွင်း ဆော်ဒီခေါင်းဆောင်တဲ့ ညွန့်ပေါင်းတပ်ရဲ့ မျက်နှာသာရဖို့ အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီမဟာမိတ်တွေကို စွန့်ပစ်ပြီး ဘက်ပြောင်းခဲ့တယ်လို့လည်း သူ့ကို ထောက်ခံသူတွေနဲ့ ပြိုင်ဘက်တွေက ပြောပါတယ်။ ဒါဟာ လက်ရှိ အင်မတန် ခက်ခဲနေတဲ့ နိုင်ငံရေး အခြေအနေကို အစွန်းရောက်တဲ့ အဆင့်ထိ ရှုပ်ထွေးစေတယ်လို့လည်း ဒူဟဲရစ်က ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up