A d v e r t i s e m e n t With Us

မန်စီးတီးကို မန်ယူနှင့်ချဲလ်ဆီးသာ အမီလိုက်နိုင်မည်ဟု လမ်းပတ် ပြော

ပရီးမီးယားလိဂ် ဆုဖလားအတွက် မန်စီးတီးကို အမီလိုက်နိုင်တဲ့ အသင်းနှစ်သင်းသာ ရှိပြီး ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ဖြစ်တယ်လို့ ချဲလ်ဆီးဂန္ထဝင်ကစားသမား ဖရန့်လမ်းပတ်က ပြောကြားလိုက်ပါတယ်။ ဘောလုံး သုံးသပ်သူတယောက်အဖြစ် ဆောင်ရွက်နေတဲ့ လမ်းပတ်က အာဆင်နယ်၊ လီဗာပူး၊ စပါးအသင်းတို့ကို အရင်ကတည်းက စာရင်းမှ ထုတ်ပယ်ထားခဲ့ပြီးတော့ ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ မသက်ဆိုင်တော့ဘူးလို့ သုံးသပ်ထားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့ဟာ လက်ရှိအချိန်မှာ ၈ မှတ်နဲ့ ၁၁ မှတ်စီ ကွာဟနေပြီးတော့ မန်စီးတီးအသင်းကို လိုက်မီဖို့ ခက်ခဲနေခဲ့ပါတယ်။ ဒါပေမယ့် ချန်ပီယံဆုအတွက် ချဲလ်ဆီးအသင်းဟာ အဓိကစိန်ခေါ်နိုင်ပြီးတော့ မန်ချက်စတာယူနိုက်တက်အသင်းကတော့ အခက်အခဲရှိနိုင်ပေမယ့် ဘာမှပြောလို့ မရသေးကြောင်း လမ်းပတ်က ဆိုပါတယ်။ ဒါ့အပြင် မန်စီးတီးအသင်းရဲ့ ခြေစွမ်းဟာ အကောင်းဆုံးပုံစံမှာရှိမနေဘဲ လာမယ့် တနင်္ဂနွေနေ့ မန်ချက်စတာဒါဘီက အကြီးမားဆုံး အစမ်းသပ်ခံ ပွဲစဉ် ဖြစ်လာလိမ့်မယ်လို့လည်း သုံးသပ်ပါတယ်။ ဒါ့အပြင် မော်ရင်ဟိုနဲ့ အန်တိုနီယို ကွန်တီတို့ဟာ ပရီးမီးယားလိဂ်ဖလား ပြေးလမ်းကို စိတ်ဝင်စားစရာတွေ ပြုလုပ်နိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up