A d v e r t i s e m e n t With Us

အထက်မင်းလှမြို့နယ်တွင် တရားမဝင်သစ်များ ဖမ်းဆီးအရေးယူ

မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ် မီးလောင်ကုန်းကျေးရွာမှာ ဒီဇင်ဘာ ၃ ရက်နေ့က တရားမဝင် သစ်တွေဖမ်းဆီး အရေးယူထားတယ်လို့ သစ်တောဦးစီးက ပြောပါတယ်။ သရက်ခရိုင် သစ်တောဦးစီးဌာန၊ သစ်တောရဲတပ်ဖွဲဝင်တွေနဲ့ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က တရားမဝင်သစ်တွေ ထုတ်လုပ်သယ်ယူနေကြောင်း သတင်းအရ သွားရောက်ရှာဖွေခဲ့ရာ နေအိမ်ဝိုင်းထဲက တရားမဝင် သစ်ခွဲသား ၇ တန်ကျော်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သရက်ခရိုင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။ တရားမဝင် သစ်ခွဲသားတွေ လက်ဝယ်ထားရှိသူ ဦးသိန်းမောင်ပါ ၇ ဦးတို့အား သစ်တော ဥပဒေအရ အရေးယူ ဆောင်ရွက်ထားပါတယ်။ သတင်း-မင်းထီး

A d v e r t i s e m e n t With Us

More News
Up