A d v e r t i s e m e n t With Us

နိုင်ငံရေး၊ လိင်မှုကိစ္စ၊ ရာဇ၀တ်မှုကျူးလွန်သူ သံဃာများအား ထိုင်းရဲဖြိုခွင်းမည်

ထိုင်းနိုင်ငံရဲဌာန ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (စီအိုင်ဘီ) ဟာ နိုင်ငံတ၀ှမ်းမှ သင်္ဃန်းအရေခြုံကာ နိုင်ငံရေး၊ လိင်မှုကိစ္စ၊ လိမ်လည်မှုနဲ့ ရာဇ၀တ်ပြစ်မှုတွေ ကျူးလွန်တယ်လို့ သံသယရှိတဲ့ သံဃာတွေကို ဖြိုခွင်းသွားမယ်လို့ ဘန် ကောက်ပို့စ်သတင်းမှာ ဒီကနေ့ဖော်ပြပါတယ်။ လက်ရှိမှာတော့ စောင့်ကြည့်နေတဲ့ သံဃာ ၉၅ ပါးရှိနေပြီး သူတို့ဟာ ဗုဒ္ဓဘာသာရဲ့ ပုံရိပ်ဖြစ်တဲ့ သံဃာ့ပုံရိပ်ကို ထိခိုက်ပျက်စီးစေပြီး ဥပဒေကို ချိုးဖောက်ကျူးလွန်မှုတွေ လုပ်ဆောင်ခဲ့သူတွေလို့ ဒုတိယ ဗိုလ်ချုပ်ကြီး သီတိရဂ်ျ နွန်ဂမ်ပီတက်ခ်က ဆိုပါတယ်။ “ဒါဟာ စီအိုင်ဘီအနေနဲ့ ပထမဆုံး စုံစမ်းစောင့်ကြည့်ဆဲ အုပ်စုဖြစ်ပြီး နောက်ထပ်စောင့်ကြည့်နေပါတယ်။ သူတို့ဟာ သံဃာ့ကျင့်ဝတ်တွေ ဖောက်ဖျက်တာမျိုး၊ ဥပဒေကို ချိုးဖောက်တာမျိုးတွေ လုပ်လာရင်တော့ လူဝတ်လဲခိုင်းတာတွေ၊ ဥပဒေအရ ပြစ်ဒဏ်ချမှတ်တာတွေ ဆက်လုပ်သွားမယ်။” ခုလက်ရှိ စာရင်းထုတ်ပြန်ထားတဲ့ သံဃာတွေထဲမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုသံသယရှိသူ ၃၅ ပါး၊ သဘာဝလွန်စွမ်းအားနဲ့ဆိုင်တဲ့ လိမ်လည်မှုနဲ့ ၂၄ ပါး၊ နိုင်ငံရေးလှုပ်ရှားမှုသံသယရှိသူ ၁၁ ပါးနဲ့ နောက်ထပ် ၂၅ ပါးကတော့ သံဃာအရေခြုံပြီး လိမ်လည်လှည့်ဖျားမှုသံသယတွေနဲ့ စောင့်ကြည့်ခံနေရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူတို့ကို သီတင်းပတ် ၂ ပတ်ကြာ စောင့်ကြည့်သွားမှာ ဖြစ်တယ် လို့ စီအိုင်ဘီသတင်းရင်းမြစ်တခုက ဆိုပါတယ်။ ဒါဟာ ထိုင်းနိုင်ငံ သံဃာကောင်စီရဲ့ သာသနာ့ဘောင်အတွင်း ၀င်ရောက်လိုသူ အမျိုးသားတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးသွားမယ်ဆိုတဲ့ ညွှန်ကြားချက်ထုတ်ခဲ့အပြီးမှာ အချိန်ကိုက် ထွက်ပေါ်လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း ထိုင်းနာမည်ကြီး ဘုန်းကြီးတပါးဖြစ်တဲ့ ဆွန်ကီရက်တ် ခန်ထောင်ဟာ အမျိုးသမီးပေါင်းများစွာကို လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဖမ်းဆီးထားခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up