မြန်မာရှေ့နေများ အရည်အသွေး တိုးတက်ရေး ဒိန်းမတ် ကူညီမည် (သတင်းဓာတ်ပုံ)
DVB
·
December 4, 2017
မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း (ILAM)နဲ့ ဒိန်းမတ်သံရုံးတို့ ပူးပေါင်းပြီး နားလည်မှုစာချွန်လွာ တခုကို ဒီဇင်ဘာ ၄ ရက်နေ့က ရေးထိုးခဲ့ပါတယ်။
ဒိန်းမတ်သံအမတ်ကြီး ပီတာဟန်ဆန်က “ရှေ့နေများအသင်းရဲ့ အရည်အသွေး တိုးတက်ဖို့ ပိုမိုအင်အားတောင့်တင်းဖို့ တရားရေးဆိုင်ရာများ လွတ်လပ်စွာ ဆောင်ရွက်နိုင်ဖို့ လူ့အခွင့်အရေးဆိုင်ရာ မြှင့်တင်မူတွေ လုပ်ဆောင်နိုင်ဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒိန်းမတ်သံရုံးကနေပြီးတော့ လက်တွဲကူညီဖို့ အခုလို လက်မှတ် ရေးထိုးတာ ဖြစ်တယ်”လို့ ပြောပါတယ်။