Homeမြန်မာသတင်း
ဘန်ကောက်မြန်မာသံရုံး၌ ဗုံးတုတွေ့ရှိဟု နိုင်ငံခြားရေးဌာနအတည်ပြု၊ သံရုံးလုံခြုံရေးတိုးမြှင့်
ဘန်ကောက်မြန်မာသံရုံး၌ ဗုံးတုတွေ့ရှိဟု နိုင်ငံခြားရေးဌာနအတည်ပြု၊ သံရုံးလုံခြုံရေးတိုးမြှင့်
DVB
·
December 4, 2017
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှာ ပလပ်စတစ်ပိုက်ထဲ ဆန်တွေ ထည့်ထားတဲ့ ဗုံးအတုတွေ့ရှိတဲ့အတွက် သံရုံးလုံခြုံရေးကို အထူးဂရုပြုလုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက အတည်ပြု ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၄ ရ မနက် ၁၀ နာရီလောက်က ဘန်ကောက်မြို့ မြန်မာသံရုံး အဟောင်းအတွင်းရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ ရုံးအတွင်း မသင်္ကာဖွယ်ရာ ပလပ်စတစ်အထုပ်တစ်ခုကို တွေ့ရှိလို့ ထိုင်းရဲတပ်ဖွဲ့ကို အကြောင်းကြားပြီး စစ်ဆေးမှုများပြုလုပ်ခဲ့တာလို့ဆိုပါတယ်။
စစ်ဆေးရာမှာ အထုပ်အတွင်းမှ နာရီနဲ့ ပလပ်စတစ်ပိုက်ကို တိတ်တွေနဲ့ ပတ်ထားပြီး၊ ပလပ်စတစ်ပိုက်အတွင်း ဆန်တွေ ထည့်ထားတဲ့ fake bomb ဖြစ်ကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။
အဆိုပါဗုံးအတုကို ဘယ်သူတွေက ဘာရည်ရွယ်ချက်နဲ့ ခုလိုလာရောက်ထားရှိ တယ်ဆိုတာ ကိုတော့ မြန်မာအစိုးရက ထုတ်ပြန်ခြင်းမရှိသေးပါဘူး။
ဓာတ်ပုံ- သည်နေရှင်း