ကမ္ဘာတလွှားမှ မြင်တွေ့ခဲ့ရသည့် ရှားတောင့်ရှားပါး စူပါမွန်း မြင်ကွင်းများ(ဓာတ်ပုံ)




















3.3K
ဒီဇင်ဘာလ ၃ ရက်နေ့ ညပိုင်းက ထွက်ပေါ်ခဲ့တဲ့ ရှားတောင့်ရှားပါး စူပါမွန်းဖြစ်စဉ်ကို ကမ္ဘာ့နိုင်ငံပေါင်းများစွာက စောင့်ကြည့်ခဲ့ကြပါတယ်။
စူပါမွန်း ဖြစ်စဉ်အချိန်အတွင်းမှာတော့ လရဲ့ အရွယ်အစားဟာ သာမန်ထက် ၇ ရာခိုင်နှုန်းလောက် ပိုကြီးနေပြီး ၁၅ ရာခိုင်နှုန်းလောက် ပိုမိုတောက်ပနေတာ ဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံပေါင်းများစွာမှ နက္ခတ္တဗေဒပညာရှင်တွေ၊ ဓာတ်ပုံဆရာတွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေဟာ လပြည့်ဝန်းကြီးကို အထင်ရှားဆုံး မြင်ရမယ့် နေရာတွေကို ရွေးချယ်ပြီး စောင့်ကြည့်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒေးလီးမေးလ်သတင်းမှာတော့ ကမ္ဘာတလွှား နေရာအနှံ့မှ စူပါမွန်းဖြစ်စဉ်ကို မှတ်တမ်းတင် ရိုက်ကူးထားခဲ့တဲ့ အံ့ဖွယ်ဓာတ်ပုံတွေကို တွေ့မြင်ကြရမှာပါ။
လနဲ့ ကမ္ဘာကြားက ပျမ်းမျှအကွာအဝေးဟာ ပုံမှန်အားဖြင့် မိုင်ပေါင်း ၂၃၈၉၀၀ လောက်ရှိနေတာ ဖြစ်ပြီး ဒီဖြစ်စဉ်မှာတော့ လဟာ ကမ္ဘာနဲ့ ၂၂၂၇၆၁ မိုင်လောက် အကွာအဝေးထိ နီးကပ်လာခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။
ဒါဟာ ၃ ကြိမ်ဆက်တိုက် ဖြစ်ပေါ်မယ့် စူပါမွန်းဖြစ်စဉ်မှာ ပထမတကြိမ်အဖြစ် ထွက်ပေါ်လာခဲ့တာလို့ အမေရိကန်အမျိုးသားအာကာသအေဂျင်စီ (နာဆာ) က ဆိုပါတယ်။
လာမယ့် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့နဲ့ ဇန်နဝါရီ ၃၁ ရက်နေ့တွေမှာလည်း စူပါမွန်းတွေကို ဆက်လက် တွေ့မြင်ရဦးမှာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်ဟာ ၂၀၁၇ ခုနှစ်အတွက် နောက်ဆုံးဖြစ်ပေါ်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။
မြန်မာနိုင်ငံမှာတော့ နေပြည်တော်နဲ့ ရန်ကုန် အပါအဝင် မြို့အများအပြားမှ စူပါမွန်းဖြစ်စဉ်ကို တွေ့မြင်ခဲ့ကြရတာ ဖြစ်ပါတယ်။