စီးပွားရေးပိတ်ဆို့မှု နော်ဝေရပ်ဆိုင်း

2K
မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ဒဏ်ခတ်ထားမှုကို ရပ်ဆိုင်းထားလိုက်ပြီလို့နော်ဝေနိုင်ငံခြား ရေးဝန်ကြီးက ပြောကြောင်း အေအက်ဖ်ပီသတင်းမှာ ဖော်ပြပါတယ်။
နော်ဝေနိုင်ငံခြားရေးဝန်ကြီး ယူနပ်စ်ဂါစတိုရာက “လတ်တလော မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေက အာဏာပိုင်တွေဟာ ပြုပြင်ပြောင်းလဲမှုကို တကယ်လုပ်ဆောင်နေတယ်ဆိုတာ ပြသနေပါတယ်။ ဒါဟာ ကြိုဆိုသင့်ပါတယ်။ မြန်မာနိုင်ငံက လိုအပ်နေတာကတော့ ကျန်တဲ့ ကမ္ဘာနဲ့ဆက်သွယ်ဆောင်ရွက်ဖို့၊ စီးပွားရေးဖွံ့ဖြိုးဖို့နဲ့နိုင်ငံတကာအကူအညီတွေပဲ ဖြစ်တယ်” လို့ ပြောပါတယ်။
နော်ဝေဟာ လက်တွေ့မှာ မြန်မာအပေါ် ပိတ်ဆို့ဒဏ်ခတ်ထားမှုတွေကို ရပ်ဆိုင်းထားလိုက်ပြီဖြစ်ပေမယ့် စီးပွားရေးပိတ်ဆိုဒဏ်ခတ်မှုတွေကို ပြန်လည်ချမှတ်နိုင်သေးတယ်ဆိုတာ ပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်နေသူတွေ အတွက် သတင်းစကားပါးလိုပါတယ်လို့လည်း ပြောပါတယ်။
စီးပွားရေးပိတ်ဆို့မှု ရပ်ဆိုင်းတဲ့သတင်းကို ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တယ်လီဖုန်းနဲ့ဆက်သွယ်အကြောင်းကြားခဲ့တယ်လို့ နော်ဝေနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံကို လက်နက်အရောင်းအဝယ် ပိတ်ပင်ထားမှုကိုတော့ ဆက်လက်ထားရှိဦးမယ်လို့ ဆိုပါတယ်။